မိုင်းတုံဆည် ကိစ္စမှာ သြစီကုမ္ပဏီ ဝေဖန်ခံရ

သြစတြေးလျ နိုင်ငံက ဆည်တစ်ခု (Credit: ABC) 
 မြန်မာနိုင်ငံ ​ရေအားလျှပ်စစ် ​စီမံကိန်းမှာ ​ပါဝင်တဲ့ ​သြစတြေးလျနိုင်ငံက ​အင်ဂျင်နီယာ ​ကုမ္ပဏီက ​ဝေဖန်မှုတွေနဲ့ ​ရင်ဆိုင်နေရပါတယ်။

သြစတြေးလျနိုင်ငံက ​Snowy ​Mountains ​Engineering ​Corp ​SMEC ​လို့ခေါ်တဲ့ ​အဖွဲ့ကို ​မြန်မာအစိုးရနဲ့ ​မိုင်းတုံဆည် ​တည်ဆောက်မယ့် ​အဖွဲ့တွေက ​လေ့လာမှုလုပ်ဖို့ ​ငှားရမ်းတာ ​ဖြစ်ပါတယ်။

မိုင်းတုံဆည်က ​အမေရိကန် ​ဒေါ်လာ ​၈ ​ဘီလီယံလောက်ကုန်ကျမှာဖြစ်ပြီး ​မီကာဝတ် ​၇၀၀၀ ​အင်အားရှိမယ့် ​မိုင်းတုံဆည်ကို ​တည်ဆောက်တဲ့အခါ ​ဖြစ်ပေါ်လာနိုင်တဲ့ ​သဘာဝ ​ဆိုးကျိုးနဲ့ ​လူမှုရေး ​ဆိုးကျိုး၊ ​ကောင်းကျိုးနဲ့ ​ပတ်သက်ပြီး ​လေ့လာမှုတွေ ​လေ့လာဖို့ ​ဖြစ်ပါတယ်။

ဆည်တည်ဆောက်မယ့် ​ကိစ္စကို ​SNLD ​အပါအဝင် ​လူမှု ​အဖွဲ့အစည်းများစွာက ​ဆန့်ကျင်နေကြပါတယ်။

သံလွင်ပေါ်မှာ ​မိုင်းတုံ ​ရေအားလျှစ်စစ်စီမံကိန်းဆည်တွေ ​တည်ဆောက်ဖို့၊ ​တရုတ်၊ ​မြန်မာနဲ့ ​ထိုင်းတွေက ​ကြိုးစားနေတာ ​ဖြစ်ပါတယ်။

အခုလောလောဆယ် ​အချိန်အထိ ​သံလွင်မြစ်ဟာ ​ဘာဆည်မှ ​မရှိပဲ ​လွတ်လပ်စွာ ​စီးဆင်းနေတဲ့ ​ဆည်ဖြစ်ပြီး ​အဲဒီ ​မြစ်တလျောက်မှာ ​အပင်မျိုးစိတ်ပေါင်း ​၇၀၀၀နဲ့ ​ရှားပါး ​ငါးအမျိုးအစား ​၈၀ ​ကျော်ရှိတယ်လို့ ​ကမ္ဘာ့တောရိုင်း ​တိရိစ္ဆာန်များ ​စောက်ရှောက်ရေးအဖွဲ့ ​WWF ​က ​ပြောပါတယ်။

အခုတည်ဆောက်ဖို့ ​ကြိုးစားတဲ့ ​ဆည်က ​အမြင့်အားဖြင့် ​၂၄၀ ​မီတာရှိမှာဖြစ်ပြီး ​စိုက်ပျိုးမြေနဲ့ ​တောရိုင်းမြေ ​စုစုပေါင်း ​၆၇၆ ​စတုရန်း ​ကီလိုမီတာလောက် ​ရေနစ်မြုပ်ဖို့ ​ရှိပါတယ်။

အဲဒီ ​ဆည်ကို ​တည်ဆောက်ဖြစ်ရင် ​လူအယောက်ပေါင်း ​သုံးသိန်းအထိ ​နေရာရွှေ့ပြောင်းမှု ​လုပ်ရမယ်လို့လည်း ​သဘာဝ ​ပတ်ဝန်းကျင် ​လှုပ်ရှားသူတွေက ​ပြောပါတယ်။

ဆည်ဆောက်မယ် ​မဆောက်ဘူးဆိုတာကို ​မြစ်နဘေးမှာ ​နေထိုင်တဲ့ ​လူတွေက ​ဆုံးဖြတ်ရမှာ ​ဖြစ်တယ်လို့လည်း ​နိုင်ငံတကာ ​မြစ်ချောင်းများအဖွဲ့က ​လှုပ်ရှားသူတွေက ​ပြောပါတယ်။

မြန်မာနိုင်ငံမှာ ​ဆည်တည်ဆောက်မယ့် ​သြစတြေးလျ ​ကုမ္ပဏီဟာ ​နိုင်ငံခြားမှာ ​လာဒ်ပေး ​လာဒ်ယူမှုတွေ ​လုပ်တယ်ဆိုတဲ့ ​သတင်းကြောင့် ​သြစတြေးလျ ​ရဲတွေရဲ့ ​စုံစမ်းစစ်ဆေးမှုကို ​ခံနေရတယ်လို့လည်း ​AAP ​သတင်းမှာ ​ဖြော်ပထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မိုင်းတုံဆည် ကိစ္စမှာ သြစီကုမ္ပဏီ ဝေဖန်ခံရ   မိုင်းတုံဆည် ကိစ္စမှာ သြစီကုမ္ပဏီ ဝေဖန်ခံရ Reviewed by THITHTOOLWIN on 17:25 Rating: 5
Powered by Blogger.