မြန်မာနိုင်ငံတွင် ငွေကြေးပမာဏ အများဆုံး စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ


 ရန်ကုန်၊ ဇူလိုင် ၂၈ ရက် (ဆင်ဟွာ)

 မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံစက်မှုဇုန် (ဇေကမ္ဘာဝင်း) အိုးအိမ်(၆)လမ်းသွား လမ်းမပေါ်တွင် ဇူလိုင် ၂၆ ရက်နေ့ ၌ KIA အမျိုးအစား BONGO ကွန်တိန်နာဘောက်အဖြူရောင် ကိုယ်ပိုင် မော်တော်ယာဉ် တွင် စိတ်ကြွရူးသွပ်ဆေးပြား ကာလတန်ဖိုးငွေကျပ် သိန်းပေါင်း ၁၃၃၅ဝဝဝ (၁၃၃. ၅ ဘီလီယံ)ကို သိမ်းဆည်းရမိခဲ့ကြောင်း ၊ အခုသိမ်းဆည်းရမိတဲ့ ပမာဏက မြန်မာနိုင်ငံတွင် အများဆုံး စိတ်ကြွ ရူးသွပ်ဆေးပြား ဖမ်းဆီး မှုဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ တာဝန်ရှိသူက ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ယင်းကွန်တိန်နာဘောက်အတွင်း ရှိ ဆာလာအိတ်နှင့် ကြွပ်ကြွပ်အိတ်များအတွင်းမှ WY စိတ်ကြွဆေးပြားနှင့်ပန်းရောင်စိတ်ကြွ ဆေးပြားများကို စုစုပေါင်း ၂၆၆. ၅သိန်းခန့် ကိုတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မော်တော်ယာဉ်မောင်းနှင်သွားသူ မှာလည်းထွက်ပြေးလွတ်မြောက်သွား ပြီး စိတ်ကြွဆေးပြားများဖမ်းဆီး ရမိခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက် ပြီး မူးယစ်အထူးတပ်ဖွဲ့မှ တာဝန်ရှိ သူများ၊ တိုင်းခရိုင်မြို့နယ်ရှိ တာဝန် ရှိသူများမှ ယင်းအမှုနှင့်ပတ်သက် ပြီး ကွင်းဆက်တရားခံများကိုလိုက်လံ စုံစမ်း စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါအမှုကို မင်္ဂလာဒုံ ရဲ စခန်းမှ (ပ) ၇/ ၂ဝ၁၅၊ မူးယစ် ပုဒ်မ- ၁၉(က) ဖြင့် အမှုဖွင့်ကာ ဆောင်ရွက်ထားကြောင်း သိရသည်။

 (Xinhua)
https://www.facebook.com/XinhuaMyanmar
မြန်မာနိုင်ငံတွင် ငွေကြေးပမာဏ အများဆုံး စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ  မြန်မာနိုင်ငံတွင် ငွေကြေးပမာဏ အများဆုံး စိတ်ကြွ ရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 17:32 Rating: 5
Powered by Blogger.