ဆောက်လုပ်ဆဲ လေးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး

ဆောက်လုပ်ဆဲ အဆောက်အဦတစ်ခုကို တွေ့ ရစဉ်
မန္တလေး ဇူလိုင် ၁၅

 မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက် (၃၇)လမ်းနှင့်(၃၈) လမ်းကြား ဇီဝကလမ်းသွယ်ရှိ ဆောက်လုပ်ဆဲ လေးထပ်တိုက် အဆောက်အအုံပေါ်မှ ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီက လူတစ်ဦးပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ထွန်းမင်း(၂၃)နှစ် (လက်သမား) ဒေါနဘွားရပ်ကွက် အောင်မြေသာစံမြို့နယ်နေသူသည် မဟာအောင်မြေမြို့နယ် စင်္ကြာနွယ်စဉ်ရပ်ကွက်(၃၇)လမ်းနှင့်(၃၈) လမ်းကြားဇီဝကလမ်းသွယ်ရှိ ဆောက်လုပ်ဆဲ လေးထပ်တိုက်အဆောက်အအုံ လေးလွှာ၌ ကွန်ကရစ်လောင်း ရာတွင် ထောက်ထားသည့်သစ်သားတိုင်အား ဖြုတ်ရာမှ အရှိန်လွန်၍ ပြုတ်ကျကာ ယာမျက်ခုံးပေါက်ပြဲ၊ နောက်ကျောပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆောက်လုပ်ဆဲ လေးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး  ဆောက်လုပ်ဆဲ လေးထပ်တိုက်ပေါ်မှ ပြုတ်ကျသေဆုံး Reviewed by သစ်ထူးလွင် on 08:21 Rating: 5
Powered by Blogger.