ရေတွင်းထဲသို့ သန့်ရှင်းရေး ဆင်းလုပ်စဉ် အောက်ဆီဂျင် ပြတ်သဖြင့် သံဃာ(၂)ပါးပျံလွန်


 ရေတွင်းထဲသို့ သန့်ရှင်းရေး ဆင်းလုပ်စဉ် ရေစုပ်စက်မှ ထွက်သည့် မီးခိုးများကြောင့် အောက်ဆီဂျင် ပြတ်သဖြင့် သံဃာ(၂)ပါးပျံလွန်

နေပြည်တော်၊ ဇူလိုင် ၈

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ ည ၆ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ချောင်းပေါက်ကျေးရွာ၊ ဥသျှစ်ဘုန်းကြီးကျောင်းတွင် ရေတွင်းအား သန့်ရှင်းရေးပြုလုပ်စဉ် သံဃာ (၂)ပါး ပျံလွန်တော်မူသွားကြောင်း သတင်းအရ မင်းကွန်းရဲကင်းစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများ နှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ဥသျှစ်ကျောင်းနေ ဉူးမုနိန္ဒ သက်တော် (၄၀)နှစ် ဝါတော်(၃)ဝါ၊ ရှင်ပညာဇောတ သက်တော်(၁၂)နှစ် ဝါတော်(၁)ဝါနှင့် ရှင်ကေသာဏ္ဍ သက်တော်(၁၄)နှစ် ဝါတော်(၁)ဝါတို့သည် ကျောင်းဝန်းအတွင်း အနက်(၅၀)ပေခန့်ရှိ အုတ်ရေတွင်းအား သန့်ရှင်းရေးပြုလုပ်ရန် ရေတွင်းထဲသို့ဆင်း၍ ဟွန်ဒါရေစုပ်စက်ဖြင့် ရေစုပ်နေစဉ် ရေစုပ်စက်မှ ထွက်သည့် မီးခိုးများကြောင့် အောက်ဆီဂျင်ပြတ်ကာ ဉူးမုနိန္ဒ နှင့် ရှင်ပညာဇောတတို့(၂)ပါးမှာ ပျံလွန်တော်မူခဲ့ပြီး ရှင်ကေသာဏ္ဍတွင် မူးဝေ၊ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း စစ်ဆေးသိရှိရ သောကြောင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းမြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၄/၂၀၁၅)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
ရေတွင်းထဲသို့ သန့်ရှင်းရေး ဆင်းလုပ်စဉ် အောက်ဆီဂျင် ပြတ်သဖြင့် သံဃာ(၂)ပါးပျံလွန်  ရေတွင်းထဲသို့ သန့်ရှင်းရေး ဆင်းလုပ်စဉ် အောက်ဆီဂျင် ပြတ်သဖြင့် သံဃာ(၂)ပါးပျံလွန် Reviewed by သစ်ထူးလွင် on 05:28 Rating: 5
Powered by Blogger.