အီရန်နျူ သဘောတူမှုကို ကုလ အတည်ပြုပေး

အီရန်ရဲ့ နျူကလီးယား သဘောတူညီမှုကို ကုလသမဂ္ဂ လုံခြုံရေး အဖွဲ့ဝင်တွေ အားလုံး ထောက်ခံ (Credit: Reuters)
  အီရန်နိုင်ငံရဲ့ ​နျူကလီးယား ​အစီအစဉ် ​လျှော့ချရေး ​သဘောတူညီမှုကို ​ကုလသမဂ္ဂ ​အဖွဲ့ဝင်တွေက ​တညီတညွတ်တည်း ​ထောက်ခံ ​အတည်ပြုတာကြောင့် ​အီရန်အပေါ် ​ချမှတ်ထားတဲ့ ​ဒဏ်ခတ် ​ပိတ်ဆို့မှုတွေကို ​ဖယ်ရှားပေးနိုင်တော့မှာ ​ဖြစ်ပါတယ်။

အီရန်နိုင်ငံနဲ့ ​ကုလသမဂ္ဂရဲ့ ​အမြဲတမ်း ​လုံခြုံရေး ​အဖွဲ့ဝင် ​ငါးနိုင်ငံဖြစ်တဲ့ ​ဗြိတိန်၊ ​ပြင်သစ်၊ ​အမေရိကန်၊ ​ရုရှား၊ ​တရုတ် ​နိုင်ငံနဲ့ ​ဂျာမနီတို့ ​၁၈ ​ရက်ကြာ ​ဆက်တိုက် ​ဆွေးနွေးပြီးတဲ့နောက် ​သဘောတူညီမှု ​ရခဲ့ပါတယ်။

အမေရိကန် ​သမ္မတ ​ဘာရက် ​အိုးဘားမားက ​ကုလသမဂ္ဂရဲ့ ​ဆုံးဖြတ်ချက်ကို ​ကြိုဆိုလိုက်ပြီး ​အမေရိကန်နိုင်ငံက ​လွှတ်တော် ​အမတ်တွေလည်း ​ဒီကိစ္စမှာ ​ထောက်ခံဖို့ ​ပြောဆိုလိုက်ပါတယ်။

အမေရိကန် ​လွှတ်တော်အမတ်တွေကလည်း ​ဒီကိစ္စကို ​ထောက်ခံတယ်၊ ​မထောက်ခံဘူးဆိုတာကို ​ရက်ပေါင်း ​၅၀ ​ကျော်အတွင်း ​ဆုံးဖြတ်ရတော့မှာ ​ဖြစ်ပါတယ်။

အီရန်အနေနဲ့ ​နျူကလီးယား ​လက်နက် ​ထုတ်လုပ်နိုင်တဲ့ ​ယူရေနီယံဓာတ် ​စုဆောင်းမှု ​၉၀% ​ကျော် ​လျှော့ချမှာဖြစ်ပြီး ​ကုလသမဂ္ဂနဲ့ ​အမေရိကန်တို့က ​ဒဏ်ခတ်ပိတ်ဆို့မှုကို ​လျှော့ချပေးမှာ ​ဖြစ်ပါတယ်။

အခုလို ​သဘောတူညီမှု ​ရရှိပြီးတဲ့နောက် ​အီရန်အစိုးရက ​ဒေသတွင်းမှာ ​ဖြစ်နေတဲ့ ​IS ​အစ္စလာမ်မစ် ​အဖွဲ့ ​တိုက်ဖျက်ရေးမှာလည်း ​ဝင်ပါလိုကြောင်း ​ပြောသွားခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံ ​တွေနဲ့ ​ပူးပေါင်းပြီး ​အီရန်အနေနဲ့ ​IS ​ကို ​တိုက်ဖျက်ဖို့ ​ဆန္ဒရှိတယ်လို့လည်း ​ပြောသွားခဲ့ပါတယ်။

အစ္စရေး ​အစိုးရကတော့ ​ကမ္ဘာပေါ်မှာ ​အန္တရာယ်အရှိဆုံး ​နိုင်ငံကို ​ဆုချီးမြင့်လိုက်သလို ​ဖြစ်နေတယ်ဆိုပြီး ​အီရန်နဲ့ ​ရရှိတဲ့ ​သဘောတူညီမှုကို ​ဝေဖန်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အီရန်နျူ သဘောတူမှုကို ကုလ အတည်ပြုပေး   အီရန်နျူ သဘောတူမှုကို ကုလ အတည်ပြုပေး Reviewed by THITHTOOLWIN on 15:46 Rating: 5
Powered by Blogger.