ကော်တောင်ကျွန်း လူသတ်မှု ဆက်လက် ကြားနာ



 ထိုင်း နိုင်ငံ တောင်ပိုင်း ကော်တောင် ကျွန်းမှာ ဗြိတိန် နိုင်ငံသား၂ ယောက် အသတ်ခံခဲ့ ရမှု နဲ့ ပတ်သက်ပြီး စွပ်စွဲ ခံထားရတဲ့ ဇော်လင်း နဲ့ ဝင်းဇော်ထွန်း တို့ အမှုကို ကော့စမွီ တရားရုံး မှာ ဗုဒ္ဓဟူး နေ့ က ဆက်လက် စစ်ဆေးခဲ့ပါတယ်။

တရားလိုပြ သက်သေ ရဲအရာရှိ ၅ ဦး ကို မေးမြန်း ခဲ့ သလို အဲဒီ့ မြန်မာ နိုင်ငံသား ၂ ဦး ရဲ့ ရုပ်ပုံ အဖြစ် စီစီတီဗွီ မှတ်တမ်းတင် ဗွီဒီယို ကို ရဲက တရားရုံး မှာ တင်သွင်း ခဲ့ပါတယ်။

စွပ်စွဲ ခံထားရ သူ ၂ ဦးရဲ့ မိခင်တွေ လည်း တရားရုံးမှာ ရှိနေခဲ့ တယ်လို့ နယ်မြေခံ သတင်းထောက် က ဘီဘီစီကို ပြောပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
ကော်တောင်ကျွန်း လူသတ်မှု ဆက်လက် ကြားနာ  ကော်တောင်ကျွန်း လူသတ်မှု ဆက်လက် ကြားနာ Reviewed by THITHTOOLWIN on 10:09 Rating: 5
Powered by Blogger.