ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံတွင်း၌ ဗုံးကြဲတိုက်ခိုက်


 ဆာနား ဇူလိုင် ၁၂

 ယီမင်နိုင်ငံ၏မြို့တော် အပါအဝင် နိုင်ငံတွင်းရှိ အခြားမြို့ကြီးများကို ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်သော ညွန့်ပေါင်းလေတပ်ဖွဲ့က ကုလသမဂ္ဂ ဦးဆောင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် သက်ရောက်မှု နှစ်နာရီကြာအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

ယီမင်နိုင်ငံမြို့တော် ဆာနား၏ အရှေ့ဘက်ရှိ စစ်ရေးအခြေစိုက်စခန်းများနှင့် ၎င်းနိုင်ငံ၏ တတိယအကြီးဆုံးမြို့တာဇစ်ရှိ စစ်အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းများ၌ ဖော်ပြသည်။

အာရပ်ညွန့်ပေါင်းနိုင်ငံများ အဖွဲ့က အီရန်နိုင်ငံ၏ ထောက်ခံအားပေးမှုရရှိထားသည့် ဟူသီသူပုန်အဖွဲ့၏ လှုပ်ရှားမှုများအား ယခုနှစ် မတ်လနှောင်းပိုင်းမှစတင်ကာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများ၏ ဦးတည်ချက်မှာ အာဏာလက်လွတ်ဖြစ် ခဲ့ရသည့် ယီမင်နိုင်ငံ ခေါင်းဆောင်ဟောင်း သမ္မတ အဗ်ရာဘူဟန်ဆောဟာဒီ အာဏာပြန်လည်ရရှိရေးဖြစ်သည်။

အာဏာစွန့်လွှတ်ခဲ့ရသည့် ယီမင်သမ္မတဟောင်းသည် ၎င်း၏ အာဏာပြန်လည်စိုးမိုး ရေးအတွက် မြို့တော် ဆာနားအပါအဝင် တာဇစ်နယ်မြေများကို ပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံတွင်း၌ ဗုံးကြဲတိုက်ခိုက်  ဆော်ဒီဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က ယီမင်နိုင်ငံတွင်း၌ ဗုံးကြဲတိုက်ခိုက် Reviewed by သစ်ထူးလွင် on 09:11 Rating: 5
Powered by Blogger.