ယနေ့မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခံရဟု (ဒီကေဘီအေ) တပ်မှူးပြောဆို

ပုံစာ - ဗိုလ်မှူးချုပ်ကျော်သက်နှင့်တပ်မှူးအချို့  ။
ဇူလိုင် - ၁၁ - ၂၀၁၅

ယနေ့မွန်းလွှဲပိုင်း ၂ နာရီခန့်မှ စတင်ကာ ၎င်းတို့တပ်စွဲထားသည့် ကော့ကရိတ်အပိုင်ရှိ ကောင်းမှုတောင်ကြောသို့ မြန်မာစတပ်က လက်နက်ကြီးများဖြင့် ကြို ကြားပစ်ခတ်မှုကို ညမိုးချုပ်ချိန်ထိ ပစ်ခဲ့တိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု (ဒီကေဘီအေ) ကလို့ထူးဝါးဗျူ ဟာမှူး ဗိုလ်မှူးချုပ်ကျော်သက်က ပြောဆိုသည်။

၎င်းက"ဒီနေ့မွန်းလွှဲ ၂ နာရီလောက်ကနေ ကျနော်တို့နေတဲ့နေရာကို သူတို့လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ ညမိုးချုပ်တဲ့အချိန်ထိဘဲ"ပြောဆိုသည်။

မြ၀တီ - ကော့ကရိတ်ကို ဆက်သွယ်ထားသည့် ပင်မလမ်းနှစ်သွယ်ကို ယမန်နေ့က ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်ဟု ခရီးသွားများက ပြောဆိုကြသည်။

ကော့ကရိတ်မြို့ခံတဦးက ယနေ့ညနေပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံများကို ကြားနေရသည်ဟု ဆိုသည်။

နယ်စပ်အရေး လေ့လာနေသည့် သုတေသီတဦးက " ဒီလ ၂၀ ရက်နေ့မှာ အစိုးရကနေ အာရှလမ်းသစ်ကို တရားဝင်ဖွင့်လှစ်တဲ့ အခမ်းအနားကျင်းပမှာဆိုတော့ နိုင်ငံတော်အကြီးအကဲတွေလည်း တက်ရောက်ဘို့ရှိတယ်ဆိုတော့ ဒီနယ်မြေအတွင်းကနေ ဒီကေဘီအေကို အပြီးအပိုင် ထွက်သွားစေချင်တဲ့ ဆန္ဒရှို့ပုံရတယ် ဆိုတော့ကာ နောက်ရက်တွေမှာလည်း ပစ်ခတ်တိုက်ခိုက်မှုတွေက ဆက်ဖြစ်နေမဲ့ အနေအထားတွေရှိနိုင်တယ် "ဟု သုံးသပ်ပြောဆိုသည်။

မူလအစီအစဉ်အရ ယခုလ ၂၀ ရက်နေ့တွင် မြန်မာဘက်တွင် အာရှလမ်းသစ်ဖွင့်ပွဲနှင့်အတူ မဲဆောက် -မြ၀တီ ဒုတိယမြောက် ချစ်ကြည်ရေးတံတား တည်ဆောက်ခြင်း အုတ်မြစ်ချမင်္ဂလာ အခမ်းအနားကို နှစ်နိုင်ငံအကြီးအကဲများ ကျင်းပသွားရန်ရှိသည်ဟုလည်း ထိုင်းဘက်မှ တာဝန်ရှိသူတဦးက ပြောဆိုသည်။

လက်ရှိအနေအထားများအရ သတ်မှတ်ရက်အတွင်း အာရှလမ်းသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပနိုင်ခြင်း ရှိမရှိကိုမူ စောင့်ကြည့်သွားရမည်ဟုလည်း နယ်စပ်အရေးလေ့လာနေသည့် သုတေသီက ဖြည့်စွက်ပြောဆိုသည်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen

ယနေ့မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခံရဟု (ဒီကေဘီအေ) တပ်မှူးပြောဆို  ယနေ့မွန်းလွဲပိုင်းတွင် တိုက်ခိုက်ခံရဟု (ဒီကေဘီအေ) တပ်မှူးပြောဆို Reviewed by သစ်ထူးလွင် on 19:33 Rating: 5
Powered by Blogger.