အမျိုးသမီးကို သတ်ခဲ့သူ ထောင် ၆၉၇ နှစ်ကျ

ပျောက်ဆုံးနေတဲ့ အသက် ၁၄ နှစ်အရွယ် ကလေးမရဲ့ ဓာတ်ပုံကို ဆွေမျိုးတွေ ကိုင်ပြီး အကူအညီတောင်း (Credit: Reuters) 
  အမျိုးသမီးတွေကိုပဲ ​ရွေးချယ်ပြီး ​သတ်ဖြတ်တယ်ဆိုတဲ့ ​လူ ​၅ ​ယောက်ကို ​မက္ကဆီကို ​တရားရုံးက ​ထောင်ဒဏ် ​၆၉၇ ​နှစ် ​ချမှတ်လိုက်ပါတယ်။

အမျိုးသမီး ​၁၁ ​ယောက် ​သတ်ဖြတ်ခံရတဲ့ ​ကိစ္စနဲ့ ​ပတ်သက်ပြီး ​မက္ကဆီကို ​မြောက်ပိုင်း ​Chihuahua ​ပြည်နယ်က ​အမျိုးသား ​ငါးယောက် ​ထောင်ချခံရတာ ​ဖြစ်ပါတယ်။

ဒါဟာ ​အမျိုးသမီးတွေကိုပဲ ​ရွေးချယ်သတ်ဖြတ်တဲ့ ​အမှုအဖြစ် ​ကိုင်တွယ်ပြီး ​အရှည်ဆုံးသော ​ထောင်ဒဏ်ကို ​ချမှတ်လိုက်တာ ​ဖြစ်ပါတယ်။

အဲဒီ ​လူငါးယောက်ဟာ ​အမျိုးသမီးတွေကို ​တရားမဝင် ​မူးယစ်ဆေးဝါး ​ရောင်းချတဲ့ ​လုပ်ငန်းတွေ၊ ​လိင်အလုပ်သမ ​တွေအဖြစ် ​ခိုင်းစားပြီး ​အသုံးမဝင်တော့တဲ့ ​တနေ့မှာ ​သတ်ပစ်လိုက်တာလို့ ​ဆိုပါတယ်။

တစ်ယောက်ကို ​ထောင်ဒဏ် ​၆၉၇ ​စီ ​ချမှတ်တဲ့အပြင် ​အပြင် ​သေဆုံးသူ ​အမျိုးသမီးတွေရဲ့ ​ကျန်ရစ်သူ ​မိသားစုတွေကို ​အမေရိကန် ​ဒေါ်လာ ​၅ ​သိန်း ​နစ်နာကြေး ​ပေးဖို့လည်း ​တရားရုံးက ​ပြစ်ဒဏ် ​ချမှတ်လိုက်ပါတယ်။

အမျိုးသမီး ​၁၁ ​ယောက်ရဲ့ ​အလောင်းကို ​၂၀၁၂ ​ခုနှစ်တုန်းက ​တွေ့ရှိခဲ့တာ ​ဖြစ်ပါတယ်။

မက္ကဆီကို ​နိုင်ငံမှာ ​၂၀၁၂ ​ခုနှစ်နဲ့ ​၂၀၁၃ ​ခုနှစ်အတွင်း ​အမျိုးသမီး ​အယောက်ပေါင်း ​၃၈၉၂ ​ယောက် ​သတ်ပစ်ခံခဲ့ရတယ်လို့လည်း ​သိရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
အမျိုးသမီးကို သတ်ခဲ့သူ ထောင် ၆၉၇ နှစ်ကျ   အမျိုးသမီးကို သတ်ခဲ့သူ ထောင် ၆၉၇ နှစ်ကျ Reviewed by THITHTOOLWIN on 17:22 Rating: 5
Powered by Blogger.