အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၇)နှင်(၁၂၆/၀)ကြား၊ ယာဉ်တိုက်မှု ၄ ဦး ဒဏ်ရာရ

 ရှေ့မှ မောင်းနှင် နေသည့် ယာဉ်အား နောက်မှ မောင်းနှင် လာသော ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိ
နေပြည်တော်၊ ဇူလိုင် ၂၉

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၇)နှင်(၁၂၆/၀)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဗောဓိကုန်း အမြန်လမ်း မကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နေ နောင်လတ်ထွန်း (၂၉)နှစ်မောင်းလာသော 2E/×××× တိုယိုတာဒိုင်နာ အဖြူရောင် ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ အုတ်တွင်းမြို့နေ အေးကို(၂၃)နှစ်မောင်းနှင်နေသည့် ၉ဌ/×××× ဖော အပြာရောင်ယာဉ်အား ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

 ယာဉ်တိုက်မှုကြောင့် တိုယိုတာဒိုင်နာယာဉ်မောင်း နောင်လတ်ထွန်းနှင့် ၎င်းယာဉ်ပေါ်တွင်လိုက်ပါလာသည့် တောင်ငူမြို့နယ်၊ ကြံတောဥယျာဉ်စု ကျေးရွာနေ မျိုးမင်းသူ (၂၃)နှစ်ပါ ၄ ဦးတို့တွင် ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဖြူးပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး နောင်လတ်ထွန်းအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၂၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၇)နှင်(၁၂၆/၀)ကြား၊ ယာဉ်တိုက်မှု ၄ ဦး ဒဏ်ရာရ   အမြန်လမ်း မိုင်တိုင်အမှတ်(၁၂၅/၇)နှင်(၁၂၆/၀)ကြား၊ ယာဉ်တိုက်မှု ၄ ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 01:17 Rating: 5
Powered by Blogger.