နတ်တလင်းမြို့က အမှိုက်သိမ်းယာဉ်

 အမှိုက်သိမ်းယာဉ်နှင့် ယာဉ်မောင်းတစ်ဦး စားထိုးပေးရန် ဒေသခံများလိုလား
နတ်တလင်း ဇူလိုင် ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်တွင် စည်ပင်သာယာရေးဈေးရှိပြီး အိမ်ခြေစုစုပေါင်း ၉၁ဝ၊ အိမ်ထောင်စု ၁၁၈၅ စု ရှိပါသည်။

 မြို့နယ်စည်ပင်သာယာရေးဌာနမှ ရေခွန်၊ မီးခွန်၊ ဥပဇာခွန်များကို- ၆ လတစ်ကြိမ် ကောက်ခံနေသော်လည်း အမှိုက်သိမ်းယာဉ်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်က ချထားပေးသော ထော်လာဂျီဖြစ်ပြီး ယခုအခါ ဟောင်းနွမ်းပျက်စီး ယိုင်နဲ့နေပြီး ယာဉ်မောင်းသူမှာလည်း ကျန်းမာရေးအခြေအနေအရ မောင်းနိုင်ခြင်း မရှိဖြစ်နေကြောင်း ဒေသခံများကပြောသည်။

မိုးရာသီဖြစ်နေ၍ အမှိုက်များသယ်ယူရှင်းလင်းပေးနိုင်မှုမရှိသဖြင့် သွေးလွန် တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပေါ်စေနိုင်သည့် ခြင်၊ ယင်များပေါများလာသည်။

သို့ပါ၍ ဒေသနေပြည်သူများက အမှိုက်သိမ်းယာဉ်နှင့် ယာဉ်မောင်းတစ်ဦး လိုအပ်နေသည်ကို သက်ဆိုင်ရာမှ တတ်နိုင်သမျှ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးရန်လိုကြောင်း ဒေသခံများကပြောသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
နတ်တလင်းမြို့က အမှိုက်သိမ်းယာဉ်   နတ်တလင်းမြို့က အမှိုက်သိမ်းယာဉ် Reviewed by သစ်ထူးလွင် on 09:44 Rating: 5
Powered by Blogger.