မွတ်ကို ဆန့်ကျင်သူနဲ့ ခွဲခြားမှုကို ဆန့်ကျင်သူကြား ပဋိပက္ခဖြစ်

မဲလ်ဘုန်းမြို့မှာ ဆန္ဒပြသူ နှစ်ဘက်အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ (Credit: AAP)
 ပြီးခဲ့တဲ့ ​စနေနေ့တုန်းက ​မွတ်စလင်ကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြသူတွေနဲ့ ​လူမျိုးရေး ​ခွဲခြားမှုကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြသူ ​အချင်းချင်းကြား ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ပါတယ်။

အစ္စလာမ်ကို ​ဆန့်ကျင်တဲ့ ​Reclaim ​Australia ​နဲ့ ​United ​Patriots ​Front ​အဖွဲ့တို့ ​ပူးပေါင်းပြီး ​စနေနေ့တုန်းက ​သြစတြေးလျနိုင်ငံက ​မြို့ကြီးတချို့မှာ ​မွတ်စလင်ကို ​ဆန့်ကျင်တဲ့ ​ဆန္ဒပြပွဲတွေ ​ပြုလုပ်ခဲ့ပါတယ်။

အဲဒါကို ​မကျေနပ်လို့ ​လူမျိုးရေး၊ ​ဘာသာရေး ​ခွဲခြားမှုကို ​ဆန့်ကျင်တဲ့ ​လူတွေကလည်း ​တန်ပြန် ​ဆန္ဒပြမှုတွေ ​လုပ်ခဲ့ကြပါတယ်။

မဲလ်ဘုန်းမြို့ ​ဆန္ဒပြပွဲမှာတော့ ​နှစ်ဖွဲ့ ​ဆန္ဒပြသူတွေအကြား ​ပဋိပက္ခ ​ဖြစ်ပွားခဲ့ပါတယ်။

အစ္စလာမ် ​ဆန့်ကျင်ရေးသမားနဲ့ ​ခွဲခြားမှု ​ဆန့်ကျင်ရေး ​သမားတွေအကြား ​ကိုယ်ထိလက်ရောက် ​တိုက်ခိုက်ကြတဲ့အထိ ​ဖြစ်ပွားခဲ့တာကြောင့် ​ရဲတွေက ​လူစုခွဲခဲ့ရပါတယ်။

ငရုတ်ရည်လို ​အရာတွေနဲ့ ​ပက်ဖျန်းပြီး ​လူစုခွဲတဲ့အတွက် ​မျက်လုံးအေးသွားအောင် ​ဆန္ဒပြသူတွေက ​နို့နဲ့ ​မျက်နှာသစ်တဲ့ ​ပုံတွေကိုလည်း ​တွေ့ခဲ့ရပါတယ်။

ရဲတွေက ​အတားအဆီး ​လုပ်ထားတဲ့ ​နေရာအထိ ​ဆန္ဒပြ ​အုပ်စု ​နှစ်စု ​စလုံး ​ကျော်လာတဲ့အတွက် ​ရဲတွေက ​လူစုခွဲလိုက်တာ ​ဖြစ်ပါတယ်။

လူ ​၄ ​ယောက်ကိုလည်း ​ရဲတွေက ​ဖမ်းဆီးလိုက်ပါတယ်။

မိမိမှာ ​ရှိတဲ့ ​ဆန္ဒတွေကို ​လွတ်လပ်စွာ ​ထုတ်ဖော်ခွင့် ​ပြုထားပေမယ့် ​အခုလို ​ခိုက်ရန် ​ဖြစ်ပွားတဲ့အတွက် ​နှစ်ဖက်စလုံး ​ဖော်ပြတဲ့ ​ဆန္ဒတွေက ​အစွန်းရောက်တဲ့ ​လုပ်ရပ်တွေကြောင့် ​အဓိပ္ပာယ် ​မရှိတော့ဘူးလို့ ​ရဲက ​နှစ်ဖက်စလုံးကို ​ဝေဖန် ​အပြစ်တင်လိုက်ပါတယ်။

ဒါပေမဲ့ ​ဆန္ဒပြသူ ​အများအပြားက ​ငြိမ်းချမ်းစွာပဲ ​ဆန္ဒပြခဲ့ကြတယ်လို့ ​ပြောပါတယ်။

သြစတြေးလျနိုင်ငံမှာ ​IS ​ကို ​ထောက်ခံတဲ့ ​အစွန်းရောက် ​လူငယ်တွေရဲ့ ​ရန်ကို ​စိုးရိမ်နေရသလို ​IS ​ရဲ့ ​လုပ်ရပ်ကို ​မွတ်စလင်တွေရဲ့ ​လုပ်ရပ်လို့ ​တစ်ခုလုံး ​ခြုံငုံပြီး ​မြင်ကြတဲ့ ​အစွန်းရောက် ​အုပ်စုကြောင့်လည်း ​စိုးရိမ်နေရပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မွတ်ကို ဆန့်ကျင်သူနဲ့ ခွဲခြားမှုကို ဆန့်ကျင်သူကြား ပဋိပက္ခဖြစ်   မွတ်ကို ဆန့်ကျင်သူနဲ့ ခွဲခြားမှုကို ဆန့်ကျင်သူကြား ပဋိပက္ခဖြစ် Reviewed by THITHTOOLWIN on 17:08 Rating: 5
Powered by Blogger.