ရေကြီး၍ ပုဏ္ဍားကျွန်းတွင် ခရစ်ယာန်ဆရာမတစ်ဦး သေဆုံးပြီး မြောက်ဦး - ပုဇွန်ဖယ်တွင် လေးဦးသေ


 ရန်ကုန်၊ ဇူလှိုင် ၃၁

 ရခိုင်ပြည်နယ် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးနေသဖြင့် ပုဏ္ဍားကျွန်းမြို့နယ်တွင် ခရစ်ယာန် ဆရာမ တစ်ဦးသေဆုံးပြီး မြောက်ဦးမြို့နယ် ပုဇွန်ဖယ်တွင် လေးဦးနှင့် ကျောက်တော်တွင် တစ်ဦးသေဆုံးကြောင်း သတင်း ရရှိသည်။

“ ပုဏ္ဍားကျွန်းမြို့နယ် နာရီကန် ကျေးရွာက ခရစ်ယာန် ကျောင်းဆရာမတစ်ဦး လှေရေနစ်ပြီး ဆုံးသွားခဲ့ပါတယ်။ ဒီကနေ့ ဆုံးတာပါ” ဟု ယိုးတရုတ်ကျေးရွာတွင် ခိုလုံနေကြသော လူပေါင်း တစ်ထောင်ခန့်အား သွားရောက်တွေ့ဆုံပြီး ပြန်လာသူ ရခိုင်ပြည်အမျိုးသားပါတီမှ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစံကျော်လှက ပြောသည်။

မြောက်ဦးမြို့နယ် ပုဇွန်ဖယ်ကျေးရွာတွင်လည်း လေးဦး သေဆုံးပြီး ကျောက်တော်မြို့နယ်တွင်လည်း တစ်ဦးသေဆုံးကြောင်း သတင်း ရရှိသည်ဟု မြောက်ဦး မြို့ဦးကျောင်းဆရာတော်က မိန့်ကြားသည်။

“ အခု လူတွေ အသေအပျောက်ရှိလာပြီ။ ပုဇွန်ဖယ်မှာ လေးဦးသေတယ်။ ကျောက်တော်မှာလည်း တစ်ဦးသေတယ်လို့ သတင်းရပါတယ်။ အခု မြောက်ဦးမြို့ပေါ်မှာ ဒုက္ခသည် လေး- ငါးထောင်လောက် ဖြစ်နေပြီ။ ဒုက္ကန်သိမ်၊ ရှစ်သောင်းဘုရားတွေမှာ လူတွေ ပြည့်ကျပ်နေပြီ” ဟု မိန့်ကြားသည်။

နယ်ကျေးလက်ဒေသများတွင် ရွာလုံးကျွတ် နစ်မြုပ်မှုများ ဖြစ်ပေါ်နေပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအတွက် အထူး စိုးရိမ်စရာ ဖြစ်နေသည်ဟု သတင်းများ ရရှိသည်။

Arakan State
https://www.facebook.com/NarinjaraNews
ရေကြီး၍ ပုဏ္ဍားကျွန်းတွင် ခရစ်ယာန်ဆရာမတစ်ဦး သေဆုံးပြီး မြောက်ဦး - ပုဇွန်ဖယ်တွင် လေးဦးသေ   ရေကြီး၍ ပုဏ္ဍားကျွန်းတွင် ခရစ်ယာန်ဆရာမတစ်ဦး သေဆုံးပြီး မြောက်ဦး - ပုဇွန်ဖယ်တွင် လေးဦးသေ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.