နမ့်ခမ်းမြို့ အ၀င် မုခ်ဦးအနီး ဓာတ်ဆီဆိုင်၌ မီးလောင်မှုဖြစ်


နမ့်ခမ်း ဇူလိုင် ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့ အမှတ် (၁) ရပ်ကွက် မန့်ခမ်းရပ် မူဆယ်-နမ့်ခမ်းမြို့အဝင် မုခ်ဦးအနီး မန့်ခမ်းရပ်နေ စိုင်းခမ်း ခတ် ဖွင့်လှစ်ရောင်းချသောဓာတ်ဆီ ဆိုင်၌ ဇွန် ၃ဝ ရက် နံနက် ၆ နာရီ မိနစ် ၅ဝ က ဆီပုံးအတွင်းသို့ ဆီထည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ သည်။

မီးလောင်မှု ဖြစ်ပွားရာသို့ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၁၅ စီးဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ကြရာ နံနက် ၇ နာရီ ၁ဝ မိနစ်ခန့်တွင် ငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန် သေဆုံးမှုမရှိဘဲ အဆောက် အအုံ အမိုး၊ အကာ၊ မျက်နှာကြက်များ ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွား သည့် ဓာတ်ဆီဆိုင်ပိုင်ရှင် စိုင်းခမ်း ခတ်ကို နမ့်ခမ်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

ဥာဏ်မင်း(နမ့်ခမ်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
နမ့်ခမ်းမြို့ အ၀င် မုခ်ဦးအနီး ဓာတ်ဆီဆိုင်၌ မီးလောင်မှုဖြစ်  နမ့်ခမ်းမြို့ အ၀င် မုခ်ဦးအနီး ဓာတ်ဆီဆိုင်၌ မီးလောင်မှုဖြစ် Reviewed by သစ်ထူးလွင် on 03:06 Rating: 5
Powered by Blogger.