ရေပူကျောင်းတိုက် ဆရာတော် ပြင်ဦးလွင်ခရိုင် အချုပ်ကို ပြောင်း

 မိုးကုတ်မြို့ ရေပူကျောင်းတိုက်ဆရာတော် ဦးဣန္ဒကကို တွေ့ရစဉ် Photo:Hset Paing Toe/RFA
 မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ရေပူကျောင်းတိုက် ဆရာတော် ကို ပြင်ဦးလွင်ခရိုင်အချုပ်စခန်းကို ဒီနေ့ ပြောင်းရွှေ့လိုက်ပါတယ်။

လာမယ့် ဇူလိုင်လ ၇ ရက်နေ့မှာ ပြင်ဦးလွင်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာ ဖြစ်တဲ့ အတွက် ပြင်ဦးလွင်ခရိုင် အချုပ်စခန်းကို ပြောင်းလိုက်တာလို့ ရေပူကျောင်းတိုက်ဆရာတော်ရဲ့ ဒါယိကာ ဦးရဲအောင်က ပြောပါတယ်။

"အဓိက ၇ ရက်နေ့ရုံးထုတ်ဖို့အတွက်ကိုပေါ့နော်၊ ရုံးထုတ်မယ်ပေါ့ တရားခံရောတစ်ခါတည်း တွဲထုတ်ရတာလေ ၊ အဲ့ဒါကြောင့်မို့လို့ ပြင်ဦးလွင်ကိုပြောင်းလိုက်ရတာ၊ အမှုကိုဖျက်မှာလား တရားစွဲမှာလားဆိုတာတော့ အဲ့ဒီနေ့ ခရိုင်ဥပဒေအရာရှိရဲ့ အဖြေကအဓိကပေါ့နော်၊ အဲ့ဒီနေ့ကိုတော့ အဆုံးအဖြတ်တစ်ခုဖြစ်မှာပေါ့နော်၊ တရား ထပ်စွဲမလားဘာလားဆိုတာတော့ အတိအကျတော့မသိသေးဘူး၊ ပြင်ဦးလွင်ကိုတော့ ဒီနေ့မနက်ရွှေ့သွားတယ် ၊ ၆ နာရီပေါ့နော် အာရုဏ်ဆွမ်းသွားပို့တော့ မရှိတော်ဘူး၊ ဆရာတော်ကိုတဲ့ ပြင်ဦးလွင်ကိုရွှေ့သွားပြီတဲ့ အဲ့လိုပဲပြောတယ်"

ရေပူကျောင်းတိုက်ဆရာတော်ကို စွဲဆိုထားတဲ့အမှုတွေထဲမှာ တရားမဝင်ကျောက်မျက်တူးဖော်မှု ပါဝင်နေ တာကြောင့် ပြင်ဦးလွင် ခရိုင်တရားရုံးမှာ စစ်ဆေးတာဖြစ်တယ်လို့ သိရပါတယ်။

ရေပူဆရာတော်ဟာ ကျောင်းတိုက်ဝင်းထဲမှာ ကျောင်းဆောင်သစ်ဆောက်ဖို့နဲ့ ဓာတ်ပေါင်းစေတီတည်ဖို့ အတွက် မြေညှိတာကို တရားမဝင်ကျောက်တူးဖော်တယ်ဆိုပြီး မိုးကုတ်မြို့နယ်ရဲစခန်းက သာသနာတော် ညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ တရားမဝင်သစ်တွေ သိမ်းဆည်းထားမှုတို့နဲ့ ဇွန်လ ၉ ရက်နေ့က လူဝတ်လဲပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရေပူကျောင်းတိုက် ဆရာတော် ပြင်ဦးလွင်ခရိုင် အချုပ်ကို ပြောင်း  ရေပူကျောင်းတိုက် ဆရာတော် ပြင်ဦးလွင်ခရိုင် အချုပ်ကို ပြောင်း Reviewed by သစ်ထူးလွင် on 15:28 Rating: 5
Powered by Blogger.