ဖိလစ်ပိုင်တွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် လူရှစ်ဦး သေဆုံးပြီး စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ရ


မနီလာ ၊ ၁၄-၇-၂၀၁၅

ဖိလစ်ပိုင်နိုင်ငံ တွင် မုတ်သုံမိုး Monsoon သည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှု များနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ လူရှစ်ဦး သေဆုံးပြီး စာသင်ကျောင်း များကို ပိတ်ပစ်ခဲ့ ရကြောင်း ယင်းနိုင်ငံ သဘာဝ ဘေးအန္တရာယ် ကာကွယ် တားဆီးရေး အဖွဲ့က ယမန်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံ၏ ပင်မကျွန်းဆွယ်နှင့် မြောက်ပိုင်း လူဇုံဒေသ တစ်လျှောက် တွင် အပူပိုင်း မုန်တိုင်းများ ဖြတ်သန်း သွားခဲ့ခြင်းကြောင့် ဒေသအတွင်း၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ လူသေဆုံးမှု များဖြစ် ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မုန်တိုင်းများ ဖြတ်သန်း သွားမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပွားခဲ့သော ရေကြီးမှုကြောင့် မနီလာ မြို့တော်ရှိ အစိုးရရုံး များနှင့် စာသင်ကျောင်း များကို အာဏာပိုင်များက ပိတ်ပစ်ခဲ့ ရပြီး မြို့တော်ရှိ အဓိက လမ်းမကြီးများ တွင်လည်း ရေလျှံမှုများ ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အလားတူ မြို့တော်၏ ပြင်ပတွင်လည်း မြေပြိုမှုများ ဖြစ်ပွားလျက် ရှိသည်ဟု အာဏာပိုင် များက ထုတ်ပြန်ခဲ့သည်။ ရေကြီးမှုနှင့် မြေပြိုမှု များကြောင့် သေဆုံးသူ ဦးရေမှာ ဆက်လက် မြင့်တက် လာနိုင်ဖွယ် ရှိသည်ဟု သိရသည်။ ထို့ပြင် လူဇုံဒေသတစ်ဝန်း တွင် နေထိုင်ကြသည့် ဒေသခံ ပြည်သူ ၄ဝဝဝဝ ခန့်မှာ ရေကြီးမှုဒဏ်နှင့် ကြုံတွေ့ နေရပြီး အခြား ဒေသခံ ၄ဝဝဝ ခန့်မှာ ယာယီခိုလှုံရေး စခန်းများတွင် နေထိုင်ရလျက် ရှိကြောင်း အာဏာပိုင် များ၏ ပြောကြားချက် အရ သိရသည်။

Monsoon rain kills 8 people in Philippines

PyiChitThar
http://www.pyichitthar.com
ဖိလစ်ပိုင်တွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် လူရှစ်ဦး သေဆုံးပြီး စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ရ  ဖိလစ်ပိုင်တွင် မုတ်သုံမိုး သည်းထန်စွာရွာသွန်းမှုကြောင့် လူရှစ်ဦး သေဆုံးပြီး စာသင်ကျောင်းများကို ပိတ်ပစ်ခဲ့ရ Reviewed by သစ်ထူးလွင် on 17:11 Rating: 5
Powered by Blogger.