မြ၀တီ - ကော့ကရိတ် တောင်ပတ်လမ်းသစ်အနီးတွင် တိုက်ပွဲဖြစ်ပွား

ပုံစာ - မြ၀တီ - ကော့ကရိတ် တောင်ပတ်လမ်းသစ် (အာရှလမ်းသစ်)
ဇူလိုင် - ၂ - ၂၀၁၅

ဒီနေ့မနက်ပိုင်းက မြ၀တီ - ကော့ကရိတ် တောင်ပတ်ကားလမ်းသစ်အနီးမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) နဲ့ မြန်မာစစ်တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကေဘီအေက တပ်မှူးတဦးကပြောပါတယ်။

တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ဝင်တွေ ကျဆုံးဒဏ်ရာရရှိမှုတွေရှိတယ်လိုလည့်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မြ၀တီက ကားမောင်းသမားတဦးပြောတာကတော့ တိုက်ပွဲဖြစ်တဲ့နေရာက တတံကူးနားက နားမကြားဂိတ် ဆိုတဲ့ နေရာမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်ပြီး သီးခြားအတည်ပြု ချက်တော့ရယူနိုင်ခြင်းမရှိသေးပါဘူး။

တိုက်ပွဲဖြစ်စဉ်ကြောင့် ရန်ကုန်မှာကရင်အမျိုးသားအကြို ညီလာခံကိုတက်ရောက်နေတဲ့ ဒိကေဘီအေ ကိုယ်စားလှယ် ဗိုလ်ကြီးစောသရီးထူး ညီလာခံကထွက်ခွာပြီးတော့ ဒီမနက်မှာဘဲ မြ၀တီကိုပြန်လာနေပါတယ်။

တောင်ပတ်လမ်းသစ် တရားဝင်ဖွင့်လှစ်ပွဲကို ဒီလ (၂၀) ရက်နေ့ကျရင် ကရင်ပြည်နယ်အစိုးရက ကျင်းပမှာဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား(မီဒီယာ)

မြ၀တီ - ကော့ကရိတ် တောင်ပတ်လမ်းသစ်အနီးတွင် တိုက်ပွဲဖြစ်ပွား  မြ၀တီ - ကော့ကရိတ် တောင်ပတ်လမ်းသစ်အနီးတွင် တိုက်ပွဲဖြစ်ပွား Reviewed by သစ်ထူးလွင် on 17:17 Rating: 5
Powered by Blogger.