ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်သည့် ဇူလိုင်၇ရက် အခမ်းအနားအပြီး တွင် ကျောင်းသားခေါင်းဆောင် ၃ဦးထိန်းသိမ်းခံရ


ရန်ကုန်တက္ကသိုလ်တွင် ပြုလုပ်သည့် ဇူလိုင်၇ရက် အခမ်းအနား အပြီးတွင် ပန်းပဲတန်းရဲစခန်းမှ တကသခေါင်းဆောင် ကိုဇေယျာ အပါအ၀င် ကျောင်းသား ခေါင်းဆောင်၃ဦးအား ထိန်းသိမ်းခေါ်ဆောင် သွားကြောင်း ကျောင်းသား သမဂ္ဂများထံမှ သိရသည်။

ဇူလိုင် ၇ရက်နေ့တွင် ကျရောက်သည့် ၅၃ကြိမ်မြောက်ကျောင်းသား သမဂ္ဂဖြိုခွဲခံရသည့် ၀မ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် တက္က သိုလ်ကျောင်းသားသမဂ္ဂများမှ ဦးဆောင်းပြုလုပ်ပြီးအခမ်း အနားအပြီးတွင် ယခုကဲ့သို့ ထိန်းသိမ်းခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုထက်က ``သူတိုဝတ်လာတော့ အရပ်ဝတ်တွေနဲ့။ကိုဇေယျာလွင် စီးလာတဲ့ကား ကို အင်းလျားလမ်း ရွှေရှမ်းကန်စားသောက်ဆိုင်ရှေ့အရောက်မှာ ရှေ့တစ်စီး နောက် တစ်စီးပိတ်ပြီး ကားသောကိုဖြုတ်ပြီး ထိုးကျိတ်ကာ ဖမ်းဆီးသွားတယ်။ ကိုဇေယျာလွင်နှင့်အတူ ဒဂုံတကသ အဖွဲ့ဝင် ကိုပိုင်ဖြိုးမင်းကိုလည်း ဖမ်းဆီး ခေါ်ဆောင် သွားတယ်။ ကိုပိုင်ဖြိုးမင်းကိုတော့ပြန်လွှတ်ပေးပြီး ကိုဇေယျာလွင်ကို အင်းစိန်ထောင် ကိုခေါ်သွားပါတယ်ခင်ဗျား´´ဟု ပြောသည်။

ဇွန်၃၀ရက်နေ့က အခြေခံဥပဒေပြင်ဆင်ရေးအတွက် ကိုဇေယျာလွင် အပါအ၀င် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ ကျောင်းသားခေါင်းဆောင် ၅ဦးသည် သိမ်ကြီးဈေးအရှေ့မှ မြို့တော်ခန်းမရှေ့အထိ ဆန္ဒပြရာတွင် ပန်းပဲတန်းရဲစခန်းနှင့်ကျောက်တံတားမြို့နယ်ရဲစခန်းတို့မှ ပုဒ်မ-၁၈၊ ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရပြီ ဇူလိုင်၂ရက်နေ့တွင် ဒဂုံတက္က သိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုပိုင်ရဲသူအား ဖမ်းဆီးခံရပြီးနောက် ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပန်းပဲတန်းမြို့နယ်ရဲစခန်းအား ဆက်သွယ်မေးမြန်းရာ တာဝန်ကျရဲအရာရှိတစ် ဦးက``အခုလောလော ဆယ်တော့ဆောင်ရွက်ရှိတာဆောင်နေလိုပါ။ လောလောဆယ်တော့ ပြောလိုမရသေးပါဘူး။ ဘာတွေဆက်လုပ်ရမလဲဆိုတာမသိရသေးပါဘူးခင်များ။ ဟုတ်ကဲ့ပါ ကျွန်တော် ဘက်က တိကျတဲ့သတင်းတစ်ခုရရင် ထပ်မံစုံစမ်းလို ရပါတယ်။ ဘယ်ခေါ်သွားလဲဆိုတာ ကျွန်တော်တို့ မသိရသေးပါဘူးခင်များ လုပ်တုန်းကိုင်တုန်း ဆောင်ရွက်တုန်းဖြစ်တဲ့အတွက် အတိအကျပြော လိုမဖြစ်သေးဘူးလေ´´ဟု ဇူလိုင်၇ရက် ညနေ ၅နာရီ ၁၁မိနစ်က ပြန်လည်ဖြေကြားသည်။

တကသကျောင်းသားများအနေဖြင့် ဇူလိုင်၇ရက်ညနေ ၂ခွဲခန့်တွင် ကမာရွတ်မြိုနယ် စမ်းရိမ်ငြိမ်မှတ်တိုင်မှ ရန်ကုန်တက္ကသိုလ်သို့ စီတန်းလှည့်လည်ပြီး တက္ကသိုလ်အာဏာပိုင်များ ခွင့်ပြုချက်ဖြင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာဟောင်းရှေ့တွင် အထိမ်းအမှတ်အခမ်းအနား ပြုလုပ်သည်။

ယင်းနောက်ရန်ကုန်တက္ကသိုလ်ဘွဲနှင်းသဘင်ခန်းမရှေ့ချီတက်ရာ ပင်းယဆောင်ရှေ့တွင် ရဲတပ်ဖွဲမှ အင်အားသုံးတားဆီးရာ တက္ကသိုလ် ပါမောက္ခချူပ် မှ ခွင်ပြုပေးခဲ့သဖြင့် ဆက်လက်ချီတက်ပြီး ခန်းမရှေ့တွင် အမှတ်တရ ဓာတ်ပုံစုရိုက်ကျပြီး အိမ်ပြန်ရာတွင် ယခုကဲ့သို့ ထိန်းခံ ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - စိုင်းဟန်
The Ladies News Journal
https://www.facebook.com/News.TheLadies
ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်သည့် ဇူလိုင်၇ရက် အခမ်းအနားအပြီး တွင် ကျောင်းသားခေါင်းဆောင် ၃ဦးထိန်းသိမ်းခံရ  ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်သည့် ဇူလိုင်၇ရက် အခမ်းအနားအပြီး တွင် ကျောင်းသားခေါင်းဆောင် ၃ဦးထိန်းသိမ်းခံရ Reviewed by သစ်ထူးလွင် on 19:54 Rating: 5
Powered by Blogger.