လာအို နိုင်ငံတွင် ခရီးသည် ၂၃ ဦး လိုက်ပါခဲ့သည့် စစ်ဘက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ


    ဗီယန်ကျင်း ၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

    လာအိုနိုင်ငံတွင် စစ်ဘက် ရဟတ်ယာဉ် တစ်စင်းသည် ဇူလိုင်လ ၂၇ ရက်နေ့ က လာအို နိုင်ငံ ၏ မြို့တော် ဗီယန်ကျင်းမှ မြောက်ပိုင်းရှိ Houaphanh ပြည်နယ် သို့ သွားရောက်စဉ် အတွင်း ပျက်ကျခဲ့ပြီး ရဟတ်ယာဉ် ပေါ်လိုက် ပါခဲ့သည့် ခရီးသည် ၂၃ ဦး၏ အခြေအနေ ကို မသိရှိရ သေးကြောင်း လာအို နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန မှ ဇူလိုင် ၂၉ ရက်နေ့က ထုတ်ပြန် ခဲ့သည်။

ထုတ်ပြန်ချက်တွင် ရုရှား နိုင်ငံက ထုတ်လုပ်သည့် Mi-17 ရဟတ်ယာဉ် တွင် ရဟတ်ယာဉ် ဝန်ထမ်း ၄ ဦးနှင့် ခရီးသည် ၁၉ ဦး လိုက်ပါ သွားခဲ့ကြောင်း ၊ လက်ရှိ အချိန် တွင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ကယ်ဆယ်ရေး အဖွဲ့ ဖွဲ့စည်းကာ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ရာသီဥတု အခြေအနေ ဆိုးရွားသောကြောင့် မြေပြင် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများသာ ဆောင်ရွက် နေရကြောင်း ပါဝင်ခဲ့သည်။

ရဟတ်ယာဉ်သည် လာအို နိုင်ငံ အလယ်ပိုင်း ဒေသ ရှိ လူသူကင်းမဲ့သည့် ဒေသ တွင် ပျက်ကျ ခဲ့ပြီး ရဟတ်ယာဉ် ပေါ်တွင် အရာရှိ များ လိုက်ပါသွားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။

 (Xinhua)
http://www.xinhuamyanmar.com

လာအို နိုင်ငံတွင် ခရီးသည် ၂၃ ဦး လိုက်ပါခဲ့သည့် စစ်ဘက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ  လာအို နိုင်ငံတွင် ခရီးသည် ၂၃ ဦး လိုက်ပါခဲ့သည့် စစ်ဘက် ရဟတ်ယာဉ် တစ်စင်း ပျက်ကျ Reviewed by THITHTOOLWIN on 16:50 Rating: 5
Powered by Blogger.