မြို့သစ်စီမံကိန်းအတွက် ထိုင်းရောက်သျှမ်းပြည်လူထုအား ဦးစားပေး၍ မြေကွက်ချပေး


ဂျူလိုင်လ ၆ ရက် ၂၀၁၅

 သျှမ်းပြည်တောင်ပိုင်း ခိုလမ်မြို့နယ် နမ့်စန်မြို့ အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ မြေလွတ်နေရာကို မြို့သစ်တိုးချဲ့စီမံကိန်းအတွက် အကွက်ချ၍ ထိုင်းရောက်သျှမ်းလူထု အား ဦးစားပေးချပေးနေ ကြောင်း သိရသည်။

သို့သော်အဆိုပါ မြေကွက်များအတွက် ဒေသတွင်းလူထုသာမက တခြားဒေသမှလူထုပါ လာရောက် စာရင်းပေးသွင်းကြကြောင်း စီမံကိန်း ဥက္ကဌ လုံးညာန ကပြောသည်။

“ အစကတော့ ရွာပြုပြင်ဖို့ဘဲ။ အိမ်ခြံမြေနဲ့လယ်ယာတွေပစ်ပြီး ထိုင်းမှာသွား အလုပ်လုပ် နေရတဲ့လူတွေအတွက်လို့အစက ရည်ရွယ်ပါတယ်။ သတင်းေ တွ ထွက်လာတော့ အနီး စပ်ချုပ်က လူတွေ လဲချားဘက် ကလူတွေလဲလာပြီး စာရင်းပေးကြတယ်။ နာမည်စာရင်းက ၂ ထောင်ကျော် ရှိနေပြီ။ မြို့သစ်ဘဲလုပ်ရတော့မယ့်အခြေအနေ။” - ဟု ၎င်းက ပြောသည်။

မြေကွက်အကျယ် ၇ မိုင်ပတ်လည်အား ပေ ၁၂၀ ပတ်လည် နှင့် ပေ ၆၀ ပတ်လည် အကွက် များချ၍ ပေးမည်ဖြစ်ကြောင်း မြို့သစ်စီမံကိန်းမှ တာဝန်ရှိသူ တဦးကပြောသည်။

ပြီးခဲ့သည့်လနှောင်းပိုင်းကတည်းက နာမည်စရင်းလက်ခံလာခဲ့သည်မှာ ယနေ့တိုင်ဖြစ် ကြောင်း၊ မြေကွက်ကျန်နေသေးသဖြင့် စာရင်းမပိတ်သေးေ ကြာင်း သိရသည်။

တဖက်တွင်လည်း မြေကွက်များရရှိပြီးပါက ရံပုံငွေထည့်ရမည်ဖြစ်ကြောင်း၊ ဈေးနှင့်နီး သောမြေကွက်များဖြစ်ပါက ရံပုံငွေလည်းမြင့်ကြောင်း ခိုလမ်မြို့ခံ စိုင်းစိုင်းက ပြောသည်။

မြို့သစ်စီမံကိန်းလုပ်ဖို့ ကွန်ဟိန်းပြည်သူ့လွှတ်တော် နန်းဝါနုနှင့် သျှမ်းပြည်ပြန် လည် ထူ ထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ကို လည်း တိုင်ပင်ဆွေးနွေး ထားကြောင်း စီမံကိန်းကော်မတီဝင် စိုင်းဝမ်းလိုင်း ကပြောသည်။

“ နန်းဝါနုကပြောတယ်။ တကယ်လို့ အခက်အခဲရှိလာရင် ကျမတို့ပါတီ နဲ့လာပြီးတိုင်ပင်ပါ။ လို့ ” ဟု ဟု ၎င်းကပြောသည်။

ကွန်ဟိန်းပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းဝါနုက“ ဦးစိုင်းအိုက်ပေါင်း ကလည်း လွယ် လင် ခရိုင်မှူးနား ပြောထားပေးတယ်” ဟုပြောသည်။

စီမံကိန်းဥက္ကဌ လုံးညာန က“ မြေကွက်တွေပေးတာက စစ်ပြေးဒုက္ခ သည်တွေ နဲ့ ထိုင်းနိုင်ငံ ရောက် နေရာမဲ့ သျှမ်းပြည်သား ရွှေ့ပြောင်းအလုပ် သမားတွေ အတွက် ပေးချင်တာ။ ဒါမယ့် သူတို့က လာမယူဘူး။ နာမည်စာရင်းလာေ ပးထားတာ တခြားကဖြစ်နေတယ် ” ဟု ပြောသည်။

အဆိုပါ မြေကွက်ဟောင်းသည် ယခင် ၁၉၉၆ က နောင်ဖာကျေးရွာ အုပ်စု ဖြစ် ပါသည်။ နောက်ပိုင်း တိုင်းပြည်မတည်ငြိမ်မှု မြို့သို့အဓမ္မပြောင်းရွှေ့ ခိုင်းမှုေ ကြာင့် ရွာလုံးကျွတ်မှာ ထိုင်းနိုင်ငံသို့လည်းကောင်း တခြားဒေသရှိ ဆွေမျိုး များထံသို့ လည်းကောင်း ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

သျှမ်းသံတော်ဆင့်
https://www.facebook.com/Panglong.burmese
မြို့သစ်စီမံကိန်းအတွက် ထိုင်းရောက်သျှမ်းပြည်လူထုအား ဦးစားပေး၍ မြေကွက်ချပေး  မြို့သစ်စီမံကိန်းအတွက် ထိုင်းရောက်သျှမ်းပြည်လူထုအား ဦးစားပေး၍ မြေကွက်ချပေး Reviewed by သစ်ထူးလွင် on 21:26 Rating: 5
Powered by Blogger.