အယ်လ်ခိုက်ဒါးတွေ ဒက္ကားကို တိုက်ဖို့ကြံစည်


ရန်ကုန်၊ ဇူလှိုင် ၃

AQIS လို့ အမည်ပေးထားတဲ့ အယ်လ်ခိုက်ဒါး အိန္ဒိယတိုက်ငယ် အဖွဲ့ဟာ ဘင်္ဂလာဒေ့ရှ် နိုင်ငံ မြို့တော် ဒက္ကားကို Eid ဘာသာရေး ပွဲတော်ပီးရင် တိုက်ခိုက်ဖို့ ကြံစည်ခဲ့တယ်လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အထူးမူခင်းနှိမ်နှင်းရေး တပ်ဖွဲ့ RAB အဖွဲ့က ပြောပါတယ်။

“ သူတို့ဟာ ဒက္ကားမြို့ကို Eid နေ့ပီးရင် တိုက်ခိုက်ဖို့အတွက် အစည်းအဝေးတစ်ခုထိုင်ခဲ့တယ်။ သူတို့ဟာ မီပူရ်ဆိုတဲ့ ရပ်ကွက်တစ်ခုမှာ အိမ်တစ်လုံးဌားခဲ့ပြီး အဲဒီကနေ တိုက်ခိုက်ဖို့ စီစဉ်ခဲ့ကြတာပါ” လို့သတင်းမီဒီယာဆက်ဆံ ရေး ဒါရိုက်တာ Mufti Mahmud Khan က ဒက္ကားမြို့ RAB ဌာနချုပ်မှာ ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုပါတယ်။

အိန္ဒိယတိုက်ငယ် အယ်လ်ခိုက်ဒါး ဆက်သွယ်ညှိနိုင်းရေးမှူးနဲ့ အကြံပေး တစ်ဦးအပါအ၀င် အယ်လ်ခိုက်ဒါး အဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးမိတာနဲ့ ပတ်သက်ပြီး RAB အဖွဲ့က က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ကို ဖမ်းမိစဉ်မှာ သူတို့ဆီက ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ အများအပြား ဖမ်းရသလို ဗုံးလုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေ၊ ကရိယာတွေ၊ သင်တန်းလုပ်ရာမှာ အသုံးပြုတဲ့ သင်တန်းစာအုပ်တွေ၊ ဂျီဟတ်ဒီ စာအုပ်တွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ပြောပါတယ်။

အင်္ဂလိပ်လို The al Qaeda in Indian Subcontinent (AQIS) လို့ အမည်ပေးထားတဲ့ အဖွဲ့ဝင်တွေဟာ ဘင်္ဂလာဒေ့ရှ်ဖွား အမေရိကန်နိုင်ငံသား ဘလော့ဂါ Avijit Roy နှင့် Ananta Bijay Das တို့ကို ဒက္ကားမြို့မှာ သတ်ပစ်ခဲ့တယ်လို့ တရားဝင် ထုတ်ဖော် ပြောကြားထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီအယ်လ်ခိုက်ဒါး အဖွဲ့ဟာ တောင်အာရှတိုင်းပြည်တွေ ဖြစ်ကြတဲ့ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ် အပါအ၀င် အရှေ့တောင်အာရှက မြန်မာနိုင်ငံတို့မှာ သူတို့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေကို တိုးမြှင့်ဖို့ လွန်ခဲ့တဲ့နှစ် စက်တင်ဘာလက ကျေညာထားပါတယ်။

သူတို့အဖွဲ့ဟာ ပိုပြီး ထိရောက်တဲ့ အဖွဲ့ တစ်ခု ဖြစ်ဖို့အတွက် အယ်လ်ခိုက်ဒါး ခေါင်းဆောင် Ayman al-Zawahiri ရဲ့ ဗီဒီယို တိတ်ခွေနဲ့ IS တွေရဲ့ လှုပ်ရှားမှုတွေကို ကြည့်ရပြီးတဲ့နောက်မှာ ပိုမိုကြိုးစားလာကြတယ်လို့ RAB ပြောခွင့်ရသူက ပြောဆိုပါတယ်။

Narinjara
https://www.facebook.com/pages/Narinjara
အယ်လ်ခိုက်ဒါးတွေ ဒက္ကားကို တိုက်ဖို့ကြံစည်  အယ်လ်ခိုက်ဒါးတွေ ဒက္ကားကို တိုက်ဖို့ကြံစည် Reviewed by သစ်ထူးလွင် on 20:57 Rating: 5
Powered by Blogger.