အကျင့်ပျက်လာဘ်စားမှု အနည်းဆုံးနိုင်ငံများ


 Transparaeny International အဖွဲ့ ကအတည်ပြု ချက်များအရ ကမ္ဘာပေါ်တွင် အကျင့်ပျက်လာဘ်စားမှု အနည်းဆုံးနိုင်ငံမှာ ဒိန်းမတ်နိုင်ငံ ဖြစ်သည်ဟုသိရသည်။

ဒိန်းမတ်နိုင်ငံသည် လူ့အဖွဲ့အစည်း ကြွယ်ဝရေးမိုဒယ်ဟုနာမည်ပေးထားသည့် စနစ်ကျင့်သုံးကာ အကျင့်ပျက်လာဘ်စား မှုအနည်းဆုံးအနေအထားရောက်အောင်စွမ်း ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ လုပ်ငန်းခွင်အခြေအနေမျှတမှုရှိစေခြင်း၊ ပြည်သူရေးရာကဏ္ဍများတွင်လုံခြုံမှုရှိစေ ခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုစနစ်ကို အကောင်းဆုံးအခြေအနေရှိစေရန်ဖန်တီးပေး ခြင်း၊ မြင့်မားသည့်လစာစနစ်နှင့်ဘဝနေ ဝင်ချိန်တွင်သက်သောင့်သက်သာနေထိုင် နိုင်အောင်အာမခံနိုင်သောပင်စင်စနစ်များ ရှိနေခြင်းကြောင့် ဒိန်းမတ်မှာ ကမ္ဘာပေါ် တွင် အကျင့်ပျက်လာဘ်စားမှုအနည်းဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။

 ဒိန်းမတ်၏နောက်တွင် အကျင့် ပျက်လာဘ်စားမှုအနည်းဆုံးနိုင်ငံအဖြစ်ရပ် တည်နေသောနိုင်ငံမှာနယူးဇီလန်ဖြစ်သည်။ နယူးဇီလန်သည် မျှတမှုရှိလွန်းသည့်နိုင်ငံ ရေးစနစ်တည်ဆောက်ထားနိုင်ခြင်းကြောင့် အကျင့်ပျက်လာဘ်စားမှုအနည်းဆုံးအခြေ အနေတစ်ရပ်ကိုပိုင်ဆိုင်ခြင်းဖြစ်သည်။

အကျင့်ပျက်လာဘ်စားမှုအနည်းဆုံးနိုင်ငံ များစာရင်း၏ အဆင့်သုံးနေရာတွင်စကင် ဒီနေးဗီးယန်းနိုင်ငံတစ်နိုင်ငံဖြစ်သောဖင်လန် နိုင်ငံ၊ နံပါတ်လေးနေရာတွင်ဆွီဒင်နိုင်ငံ၊ နံပါတ်ငါးနေရာတွင် နော်ဝေနိုင်ငံတို့က အစဉ်အလိုက်ရပ်တည်ခဲ့သည်။

ပြည့်ဖြိုးနိုင်
The Union Daily
http://uniondaily.net
အကျင့်ပျက်လာဘ်စားမှု အနည်းဆုံးနိုင်ငံများ  အကျင့်ပျက်လာဘ်စားမှု အနည်းဆုံးနိုင်ငံများ Reviewed by THITHTOOLWIN on 17:43 Rating: 5
Powered by Blogger.