မလေးရှားရုပ်ရှင်ရုံတွင် လက်မထပ်ရသေးသူများအား စုံတွဲခုံလက်မှတ် မရောင်းရဟုသတ်မှတ်


 ထိုင်ဝမ်မီဒီယာသတင်းအရ- မလေးရှားနိုင်ငံ Perak Tengah ခရိုင် Serilskandar ရှိ ကြယ်ငါးပွင့် အဆင့်ရှိရုပ်ရှင်ရုံ LFS  တွင် လက်မထပ်ရသေးသည့်သူများကို စုံတွဲခုံ မရောင်းရန်တားမြစ်ထားပြီး လက်ထပ်စာချုပ်ပြသမှသာလျှင် ရောင်းချပေးမည်ဟု ထူးဆန်းစွာသတ်မှတ်ထားကြောင်း သိရသည်။

၎င်း သတ်မှတ်ချက်သည် Perak Tengah ခရိုင်လွှတ်တော်မှ ညွှန်ကြားထားခြင်းဖြစ်ပြီး၊ အကယ်၍ သတ်မှတ်ချက်ချိုးဖောက်ခဲ့လျှင် ရုပ်ရှင်ရုံကို ဒေသအစိုးရမှအရေးယူမည်ဖြစ်သည်။

ထိုသို့အရေးယူရာတွင် အနိမ့်ဆုံးငွေဒဏ်နှင့် အမြင့်ဆုံး လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည်။

၎င်းရုပ်ရှင်ရုံသည် Perak Tengah ရှိတစ်ခုတည်းသောရုပ်ရှင်ရုံဖြစ်ပြီး၊ လူငယ်များ မမြင်ကွယ်ရာတွင် စိတ်မထိန်းနိုင်ပဲ ညစ်ညမ်းသောအပြုအမူများ မပြုလုပ်မိစေရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရပါသည်။

china.com Myanmar
http://myanmar.china.com

မလေးရှားရုပ်ရှင်ရုံတွင် လက်မထပ်ရသေးသူများအား စုံတွဲခုံလက်မှတ် မရောင်းရဟုသတ်မှတ်   မလေးရှားရုပ်ရှင်ရုံတွင် လက်မထပ်ရသေးသူများအား စုံတွဲခုံလက်မှတ် မရောင်းရဟုသတ်မှတ် Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.