ရွှေထည်ပစ္စည်းသိန်း ၁၄၀ ကျော်ဖိုး ခိုးယူသူ သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းမိ


မော်လမြိုင် ဇူလိုင် ၂ဝ

 မော်လမြိုင်မြို့နယ် မြိုင်သာယာ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် နေယုဆန်း၊ နယ်ထိန်းတာဝန်ခံ ဒုတိယရဲအုပ် အောင်နိုင်နှင့် တပ်ဖွဲ့ ဝင်များသည် နယ်မြေရှိ ရပ်မိရပ်ဖ တို့ပူးပေါင်းပါဝင်ကူညီခဲ့ခြင်းကြောင့် မော်လမြိုင် မြိုင်သာယာ (၁၄)လမ်း နေ ပန်းရန်လုပ်ကိုင်သူ ဇော်မင်းထွေး (ခ) ဆန်းသူဟိန်း(ခ)ဘောက်ကလေး အသက်(၁၈ နှစ်)အား ခိုးယူသွားခဲ့ သည့် ရွှေထည်ပစ္စည်း ၂၂ မျိုးနှင့်အတူ ဇွန်လစတုတ္ထပတ်က ဖမ်းဆီးရမိခဲ့ပြီး သက်သေခံပစ္စည်းများကို လိုက်လံသိမ်းဆည်းခဲ့သည်။

 မော်လမြိုင်မြို့နယ် မြိုင်သာယာရပ်ကွက်နေ ဘော်ဒါဆောင်ဖွင့်ထားသည့် ဒေါ်စန်းစန်းဝင်းနေအိမ်တွင်းမှ ဇွန် ၁၅ ရက်က ဇော်မင်းထွေးသည် နေအိမ် အပေါ်ထပ်သို့ တက်ရောက်ပြီး ရွှေထည်ပစ္စည်း ၂၂ မျိုး ငွေကျပ် သိန်း ၁၄ဝ ကျော်ဖိုး ခိုးယူတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။

 ဒေါ်စန်းစန်းဝင်းသည် ကရင်ပြည်နယ် မြဝတီမြို့ အစ်မဖြစ်သူနေအိမ်သို့ အလည်သွားရောက်နေစဉ် ရွှေထည် ပစ္စည်းများအား ဝင်ရောက်ခိုးယူသူ ဇော်မင်းထွေးကို မြိုင်သာယာ ရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရွှေထည်ပစ္စည်းသိန်း ၁၄၀ ကျော်ဖိုး ခိုးယူသူ သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းမိ  ရွှေထည်ပစ္စည်းသိန်း ၁၄၀ ကျော်ဖိုး ခိုးယူသူ သက်သေခံ ပစ္စည်းများနှင့် အတူ ဖမ်းမိ Reviewed by THITHTOOLWIN on 02:51 Rating: 5
Powered by Blogger.