အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲဝင်မည်


လာမဲ့ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပမည့် ရွေးကောက်ပွဲကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ( NLD ) က လွှတ်တော်သုံး ရပ်စလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ်လို့ ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။


ဇူလိုင်လ ၁၁ ရက်နေ့ ယနေ့မွန်းလွဲ ၅ နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော် နှင်းဆီစံအိမ်မှာ စီအီးစီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ သတင်းစာရှင်လင်းပွဲတွင် ပါတီဥက္ကဋ္ဌက ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ ပြည်သူကို အကြိုးပြုနိုင်တဲ့ အရည်အချင်းကို အဓိကထားပြီး ရွေးချယ်မယ်လို့ လည်း ပြောကြားလိုက်ပါတယ်။

သစ်ထူးလွင်

ဓါတ်ပုံ - National League for Democracy
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နှင်းဆီစံအိမ်မှာ စီအီးစီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော အသံဖိုင်။ National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် နှင်းဆီစံအိမ်မှာ စီအီးစီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သော အသံဖိုင်
Posted by National League for Democracy on Saturday, July 11, 2015
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲဝင်မည်  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရွေးကောက်ပွဲဝင်မည် Reviewed by သစ်ထူးလွင် on 18:41 Rating: 5
Powered by Blogger.