ကန်ရုပ်ရှင်ရုံမှာ ပစ်ခတ်မှုဖြစ် လူ ၃ ဦးသေ

ရုပ်ရှင်ရုံ ပြင်မှာ ရဲတွေ စောင့်ကြပ်စဉ် (Credit: Reuters) 
 အမေရိကန်နိုင်ငံ ​Louisiana ​ပြည်နယ်က ​ရုပ်ရှင်ရုံ ​တစ်ခုမှာ ​ပစ်ခတ်မှု ​ဖြစ်ခဲ့တဲ့အတွက် ​လူ ​၃ ​ယောက်လောက် ​သေဆုံးခဲ့ရတယ်လို့ ​သိရပါတယ်။

နာရီပိုင်းတုန်းကပဲ ​Lafayette ​မြို့မှာ ​ပစ်ခတ်မှု ​ဖြစ်ခဲ့တာဖြစ်ပြီး ​သေနတ်သမားက ​အသက် ​၅၀ ​ဝန်းကျင်အရွယ် ​လူဖြူ ​ဖြစ်တယ်လို့ ​သိရပါတယ်။ ​သူ့ရဲ့ ​လက်ချက်ကြောင့် ​လူ ​၂ ​ယောက် ​သေဆုံးပြီးနောက် ​သေနတ် ​သမားက ​သူ့ကိုယ်သူ ​ပစ်သတ် ​ခဲ့တာလို့ ​ဆိုပါတယ်။

Grand ​Theater ​ဆိုတဲ့ ​ရုပ်ရှင်ရုံမှာ ​ပစ်ခတ်မှု ​ဖြစ်ခဲ့တာဖြစ်ပြီး ​ပစ်ခတ်မှု ​ဖြစ်ခဲ့တုန်းက ​အဲဒီအထဲမှာ ​လူပေါင်း ​၁၀၀ ​လောက် ​ရှိတယ်လို့ ​သိရပါတယ်။

အခုလောလောဆယ် ​လူ ​၇ ​ယောက်လောက် ​ဒဏ်ရာ ​ရတယ်လို့ ​ပြောဆိုနေကြပြီး ​သေနတ် ​သမားက ​ဘာကြောင့် ​ပစ်ခတ်မှု ​လုပ်သလဲ ​ဆိုတာတော့ ​မသိရသေးပါဘူး။

အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​သူ့ရဲ့ ​လက်ထက်အတွင်း ​သေနတ် ​ကိုင်တွယ်ရေးကို ​ကန့်သတ်မှု ​မလုပ်နိုင်တဲ့အပေါ် ​အားမရဘူးလို့ ​ပြောဆိုပြီး ​နာရီပိုင်းအတွင်းမှာပဲ ​အခုလို ​ပစ်ခတ်မှု ​ထပ်မံ ​ဖြစ်ပေါ်ခဲ့တာပါ။

အမေရိကန် ​သမ္မတက ​သေနတ်ကို ​အကန့်အသတ်တွေနဲ့သာ ​ကိုင်ခွင့်ပေးလိုပေမယ့် ​လွှတ်တော်အတွင်းမှာ ​သေနတ်ကို ​လွတ်လပ်စွာ ​ကိုင်ခွင့် ​ရရှိသင့်တယ်လို့ ​မြင်တဲ့ ​လူတွေ ​များပြားတဲ့အတွက် ​ကန့်သတ်မှုတွေ ​မလုပ်နိုင်တာ ​ဖြစ်ပါတယ်။

ဖွံ့ဖြိုးတဲ့ ​နိုင်ငံတိုင်းမှာ ​သေနတ်ကို ​အကန့်အသတ်နဲ့ ​ကိုင်ခွင့် ​ရှိပေမယ့် ​အမေရိန်ကတော့ ​ဖွံ့ဖြိုးတဲ့ ​နိုင်ငံတွေထဲမှာ ​သေနတ်ကိုင်ဆောင်မှုနဲ့ ​ပတ်သက်ပြီး ​လုံခြုံမှု ​မရှိဆုံး ​နိုင်ငံဖြစ်နေတယ်လို့ ​အိုဘားမားက ​ပြောပါတယ်။

၂၀၁၁ ​ခုနှစ် ​စက်တာဘာ ​၁၁ ​ရက်မှာ ​အမေရိကန် ​တိုက်အမြင့် ​နှစ်လုံးကို ​အကြမ်းဖက် ​သမားတွေ ​ပြုလုပ်ပြီးနောက်ပိုင်း ​အကြမ်းဖက်မှုကြောင့် ​သေဆုံးရသူ ​လူပေါင်း ​၁၀၀ ​တောင် ​မရှိပေမယ့် ​သေနတ်ကိုင်ဆောင်တဲ့ ​အမေရိကန်တွေ ​နိုင်ငံသား ​အခြင်းခြင်း ​အပေါ် ​ပစ်ခတ်မှုကြောင့် ​သေဆုံးခဲ့ရသူတွေက ​ထောင်နဲ့ချီ ​ရှိသွားပြီလို့ ​အမေရိကန် ​သမ္မတ ​ဘာရက် ​အိုဘားမားက ​ပြောပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ကန်ရုပ်ရှင်ရုံမှာ ပစ်ခတ်မှုဖြစ် လူ ၃ ဦးသေ  ကန်ရုပ်ရှင်ရုံမှာ ပစ်ခတ်မှုဖြစ် လူ ၃ ဦးသေ Reviewed by THITHTOOLWIN on 18:04 Rating: 5
Powered by Blogger.