အခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း

၂၀ဝ၈ အခြေခံဥပဒေပြင်ဖို့ တကသ ကျောင်းသားတွေ ဆန္ဒပြခဲ့ 
မြန်မာနိုင်ငံအစိုးရ စနစ်မှာ ဒုတိယသမ္မတ နှစ်ဦး အစား တစ်ဦးပဲ ထားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (ခ) နဲ့ပတ်သက်ပြီး ဇွန်လ ၃၀ရက်နေ့က ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ရာ အခုလို တင်ပြခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကတော့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတတွေ အနေနဲ့ ရွေးချယ် တင်မြှောက်ခံရတဲ့ နေ့ကစပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ရမှာဖြစ်ပြီး၊ ပါတီဝင်ဖြစ်ရင် ပါတီလုပ်ငန်းတွေကို မလုပ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ကို ပယ်ဖျက်ဖို့ ဆွေးနွေးခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ အဲဒီအချက်တွေကို ပြင်ဆင်ဖို့ အချိန်မကျသေးဘူးလို့ ပြန်လည် ဆွေးနွေးခဲ့ပါတယ်။

ဒီနေ့မှာပဲ အခြေခံဥပဒေကို ပြင်ဆင်ဖို့ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂက ကျောင်းသာတွေ ဦးဆောင်ပြီး ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့ကနေ ဆူးလေ မြို့တော်ခန်းမကို လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

၂၀၀၈ အခြေခံဥပဒေကို ပြင်ပေးဖို့နဲ့ လွှတ်တော်ထဲမှာ တပ်မတော်သား ၂၅ရာခိုင်နှုန်းကို ဖယ်ပေးဖို့ ကျောင်းသားတွေဘက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
အခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း  အခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း Reviewed by သစ်ထူးလွင် on 20:17 Rating: 5
Powered by Blogger.