ထားဝယ်မြို့ ဆန်းချီရပ် မီးလောင်မှုဖြစ်ပွား


 ထားဝယ် ဇူလိုင် ၁၃

 တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဆန်းချီရပ် မြို့သစ်(၈)လမ်းရှိ အုတ်စီ၊ ထရံကာ၊ ဓနိမိုး တစ်ထပ်အိမ်သည် ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီတွင် လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာသို့ ထားဝယ်ခရိုင် မီးသတ်ဦးစီးမှူး ဦးမောင်မောင်နိုင်နှင့် အဖွဲ့ဝင်များသည် မီးသတ်ယာဉ်နှစ်စီးနှင့်အတူ လာရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။

 မီးလောင်မှုမှာ အဆိုပါနေအိမ်၌ ငှားရမ်းနေထိုင်သူများ ပုလောမြို့နယ်ရှိ အလှူတစ်ခုသို့ သွားရောက်စဉ် ကရင်ဆိုသူအား အိမ်စောင့်အဖြစ်ထားခဲ့ပြီး ကရင်ဆိုသူက ဇူလိုင် ၁၂ ရက် ည ၁၁ နာရီခန့်က ဝက်သတ်သည့်လုပ်ငန်းလုပ်ကိုင်ရန် နေအိမ်မှထွက်ခွာသွားစဉ် လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ထားဝယ်မြို့ ဆန်းချီရပ် မီးလောင်မှုဖြစ်ပွား  ထားဝယ်မြို့ ဆန်းချီရပ် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 04:55 Rating: 5
Powered by Blogger.