တံတားဦးလေဆိပ်မှအပြန် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား


၂၀၁၅-ခုနှစ်၊ ဇူလိုင်လ (၇)နေ့၊ (၁၂း၁၅)နာရီတွင် အမရပူရမြို့နယ်၊ မန္တလေးမြို့အ၀င်လမ်း (ရန်ကုန်-မန္တလေးအမြန်လမ်း) မိုင် ၃၅၉/၅ နှင့် ၃၅၉/၆ အကြား အသွားလမ်းတွင် တံတားဦးလေဆိပ်မှ မန္တလေးသို့ မခိုင်ဇင်လင်း၊ ၁၈ နှစ်၊ (ယာဉ်မောင်းလိုင်စင်-စိစစ်ဆဲ)၊ဘ-ဦးကျော်လင်း၊ မောင်းနှင်လာသော ယာဉ်အမှတ် 7J/3808 Honda Fit (အနီရောင်)ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘက်ယာဘက်သို့ တိမ်းမှောက်ခဲ့သော မတော်တဆဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။


 အဆိုပါဖြစ်စဉ်တွင် ယာဉ်မောင်းသူ မခိုင်ဇင်လင်းမှာ နဖူးပေါက်ပြဲ၊ ၀ဲမျက်ခုံးအောက်ပေါက်ပြဲ၊ ယာတံတောင်ပွန်းပဲ့ ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိပြီး မန္တလေးပြည့်သူ့ဆေးရုံသို့ တင်ပို့ကုသ ထားပါသည်။

ဖြစ်စဉ်ဖြစ်ပွားရသည့် အဓိကအကြောင်းအရင်းမှာ အရှိန်ဖြင့် မောင်းနှင်စဉ် ရုတ်တရက် ဆွဲကွေ့မှုကြောင့် ဖြစ်ပြီး ကားမှာ ဘေးတိုက်လိမ့်သွားပြီး ပျက်စီးနေသော ကွန်ကရိအမာခံလမ်းပုခုံးများပေါ်တွင် ရပ်တန့်ခဲ့ခြင်းဖြစ်ပါသည်။ ၃၅၉/၅ နှင့် ၃၅၉/၆ အကြားရှိ ကွန်ကရိအမာခံလမ်းပုခုံးများမှာ စည်းကမ်းမဲ့မြေသယ်ယာဉ်များ အကြိမ်ကြိမ်နင်းချေဖြတ်သန်းမှုကြောင့် ကျိုးပဲ့ပျက်စီးလျှက်ရှိပါသည်။

 အဆိုပါ စည်းကမ်းမဲ့မြေသယ်ယာဉ်များအား အမြန်လမ်းရဲတပ်ဖွဲ့နှင့်ပူးပေါင်း၍ စည်းကမ်းကြပ်မတ်အရေးယူလျှက်ရှိပြီး မန္တလေးမြို့အ၀င်လမ်းတစ်လျှောက် မိုင် ၃၅၉/၆ မှ ၃၆၆/၃ အတွင်း ပျက်စီးနေသော ကွန်ကရိအမာခံလမ်းပုခုံးများအား အမြန်ပြုပြင်လျှက်ရှိပါသည်။

 အမြန်လမ်းသုံးစွဲသောယာဉ်များအနေဖြင့် သတ်မှတ်ထားသော ယာဉ်ကြောအတွင်းမှသာ ဂရုတစိုက် မောင်းနှင်ပါရန်နှင့် ယာဉ်ရပ်နားမည်ဆိုပါက မြေသားလမ်းတာဘောင်ပေါ်သို့ လွတ်ကင်းစွာ ရပ်နားပေးပါရန်နှင့် ယာဉ်မောင်းစဉ် လက်ကိုင်ဖုန်းပြောဆိုခြင်း မပြုလုပ်ရန် ပန်ကြားအပ်ပါသည်။

Yangon-Mandalay Expressway
https://www.facebook.com/ygnmdyexpressroad



တံတားဦးလေဆိပ်မှအပြန် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား  တံတားဦးလေဆိပ်မှအပြန် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 16:10 Rating: 5
Powered by Blogger.