လယ်ယာစိုက်ပျိုးချိန်တွင် မြွေအန္တရာယ် အထူးသတိပြုကာကွယ်


 ကောလင်း ဇူလိုင် ၁ဝ

 စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း၊ ဝန်းသို၊ ပင်လည် ဘူး၊ ကန့်ဘလူမြို့နယ်များတွင် မုတ်သုံမိုးဦးရွာသွန်း၍ တောင်သူများ လယ်ယာစိုက်ပျိုးချိန်ဖြစ်သည့်အပြင် မြွေများမှာလည်း မိတ်လိုက်ရာသီဖြစ်ပြီး မြွေများပေါများ လာ၍ တောင်သူများမှာ မြွေအန္တရာယ်နှင့် ကြုံတွေ့နေရ သည့်အတွက် ကြိုတင်သတိပြုကာကွယ်ရန် လိုအပ်လျက် ရှိသည်။

ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မြွေကိုက်ခံရသူ တစ်ရက်လေးဦးခန့်ရှိနေသည်။ တောင်သူများအနေဖြင့် မြွေကိုက်ခံရပါက ရှေးဦးသူနာပြုနည်းဖြင့် စနစ်တကျ ဆောင်ရွက်ပြီး ဆေးရုံသို့ သုံးနာရီအတွင်း အချိန်မီ လာရောက်ပြီး လိုအပ်သော ကုသမှုများခံယူရန်ဖြစ်သည်။

ယခင်က တောင်သူများအနေဖြင့် ပြင်ပတွင် မြွေဆိပ် ဖြေဆေး တစ်လုံးလျှင် ငွေကျပ်ရှစ်သောင်းနှင့် တစ်သိန်းထိ ပေးဝယ်ရပြီး ယခုအခါ နိုင်ငံတော်အစိုးရက မြွေဆိပ် ဖြေဆေးများကို ထောက်ပံ့ပေးသည့်အတွက် တောင်သူ များအား အခမဲ့ကုသပေးလျက်ရှိကြောင်း ကောလင်း မြို့နယ် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ခင်မောင်သန်းက ပြောကြားသည်။

 ကိုကိုမောင်(ကောလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လယ်ယာစိုက်ပျိုးချိန်တွင် မြွေအန္တရာယ် အထူးသတိပြုကာကွယ်  လယ်ယာစိုက်ပျိုးချိန်တွင် မြွေအန္တရာယ် အထူးသတိပြုကာကွယ် Reviewed by သစ်ထူးလွင် on 03:00 Rating: 5
Powered by Blogger.