ဂမ္ဘီးယားမွာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ


 အာဖရိက တိုက် အနောက် ပိုင်းက ဂမ်ဘီးယား နိုင်ငံ မှာတော့ သမ္မတ ယာယာဂျမား Yaya Jammeh က သူ့ရဲ့ အာဏာသိမ်း သက်တမ်း ၂၁ ပြည့် မှာ၊ နိုင်ငံတော် သစ္စာ ဖောက် မှု နဲ့ အရေးယူ ခံထား ရတဲ့ သူတွေ ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးကြောင်း ကြေညာ လိုက်ပါတယ်။

အဲဒီ့ လွတ်ငြိမ်းချမ်းသာခွင့် ထဲမှာ ၁၉၉၄ ခုနှစ် ကနေ ၂၀၁၃ အကြား ဖမ်းဆီး ထားသူတွေ နဲ့ ပြည်ပရောက် အတိုက် အခံ တွေ ပါဝင် တယ် လို့ ဆိုပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဒီဇင် ဘာ တုန်းက သူ့ကို ဖြုတ်ချ ဖို့ ကြံစည် ခဲ့ သူတွေ ကို တော့ ချန် ထားပါတယ်။

ဒီ ကြေညာ ချက် ကြောင့် ဂမ်ဘီးယား ထောင် ထဲ က စုစုပေါင်း ဘယ်နှစ်ယောက် ပြန်လွတ် လာမလဲ ဆိုတာ ချက်ခြင်း မသိရ သေး ပါဘူး။

BBC Burmese
https://www.facebook.com/bbcburmese
ဂမ်ဘီးယားမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ   ဂမ်ဘီးယားမှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.