ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောဆို

(ဒီကေဘီအေ) ကလို့ထူးဘော စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးစောဆန်းအောင်။
ဇူလိုင် - ၁၄ - ၂၀၁၅

ဒီနေ့မနက် ၁၁ နာရီလောက်စပြီး သူတို့အဖွဲ့နဲ့ မြန်မာစစ်တပ် ကော့ကရိတ်မြိ့ နယ်က မြို့ ဟောင်းရွာအနီးမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ (ဒီကေဘီအေ) ကလို့ထူးဘော စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီးဆန်းအောင်က မီဒီယာသမားတွေကို ပြောဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့နေရာကို မြန်မာစစ်တပ်က ထိုးစစ်ဆင်လာတာဖြစ်ပြီး ကော့ကရိတ်ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ကူပစ်ပေးနေပြီး တိုက်ပွဲက အခုထိ မပြီးသေးဘူးလို့ ဒီနေ့ ၁၂ နာရီကျော်လောက်မှာ ပြောဆိုပါတယ်။

ကော့နွဲ့ရွာသားတဦးကတော့ မနက် ၁၁ နာရီလောက်ကနေ သေနတ်သံတွေကြားနေရတယ် ကျနော်တို့ရွာနဲ့က ၃ မိုင်လောက်ဘဲဝေးတယ် လို့ပြောပါတယ်။

တိုက်ပွဲတွေဖြစ်ပွားနေပေမဲ့ မြ၀တီ - ကော့ကရိတ် ဒေါနတောင်ပတ်ကားလမ်းမှာတော့ မော်တော်ယာဉ်တွေ ပုံမှန်သွားလာနေပါတယ်။

မြ၀တီ - ကော့ကရိတ်ကို ဆက်သွယ်ထားတဲ့ ပင်မလမ်းနှစ်သွယ် အနီးအနားတွေမှာ တိုက်ခိုက်မှုတွေ အဆုံးသတ်ခြင်းမရှိပေမဲ့ ခရီးသွားတွေကတော့ ဒီလမ်းတွေကို ပုံမှန်အသုံးပြုနေကြပါတယ်။

ဒီအနေအထားတွေအရဆိုရင် ဒီလ ၂၀ ရက်နေ့မှာပြုလုပ်ဘို့ရှိတဲ့ အာရှလမ်းသစ် တရားဝင်ဖွင့်လှစ်ပွဲ သတ်မှတ်ရက်အတွင်း ကျင်းပနိုင်မယ်လို့ မထင်တဲ့အကြောင်း နယ်စပ်အရေးလေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
https://www.facebook.com/knm.karen

ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောဆို  ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားဟု ဗိုလ်မှူးကြီးဆန်းအောင် ပြောဆို Reviewed by သစ်ထူးလွင် on 17:45 Rating: 5
Powered by Blogger.