ရက်ပ်အဆိုတော် ကာပို သေနတ်ဒဏ်ရာဖြင့်သေဆုံး


 နာမည်ကျော်ရက်ပ် အဆိုတော် တစ်ဦး ဖြစ်သည့် ကာပိုသည် သေနတ်ဒဏ်ရာဖြင့် သွေးအိုင်အတွင်း လဲကျ သေဆုံးနေ သည်ကို ဇွန် ၁၁ ရက်က ချီကာဂို တောင်ပိုင်းတွင် တွေ့ ရှိခဲ့ရကြောင်း သိရ သည်။

ချီကာဂိုရဲများ၏ ပြောကြား ချက်အရ ကာပိုသည် အဆိုပါနေ့ မွန်းလွဲ ၂ နာရီခန့်က အသက်ဆုံးရှုံးသွားခဲ့ ရခြင်းဖြစ်ကာ ကျောကုန်းနှင့်ပေါင်တို့တွင် သေနတ်ဒဏ်ရာများတွေ့ရှိရ ကြောင်းသိရသည်။ အသက်(၂၂)နှစ်အရွယ် အဆိုတော်၏ အလောင်းကို ချီကာဂိုဆေးရုံသို့ သယ်ယူခဲ့ပြီး စုံစမ်းစစ်ဆေးမှုများစတင်လုပ်ဆောင်နေပြီ ဖြစ်သည်။

ကာပိုသေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး မိနစ်ပိုင်းအတွင်း၌ပင် သူသွေးအိုင်အတွင်းလဲကျသေဆုံးနေသည့် ဗီဒီယိုသည် အင်တာနက်စာမျက်နှာများ ပေါ် တွင်ပျံ့နှံ့နေခဲ့သည်။ ထိုသို့ပြုလုပ်ခဲ့သည့်တရားခံများကို စုံစမ်းဖော်ထုတ်နေပြီး လတ်တလောတွင် သံသယရှိသူနှစ်ဦးကို စစ်ဆေးလျက်ရှိကြောင်း တီအမ် အက်စ်ဒေါ့ကွန်းတွင် ဖော်ပြထားသည်။

အေးပြည့် - စုစည်းသည်။
The Mirror Daily
https://www.facebook.com/TheMirrorDaily
ရက်ပ်အဆိုတော် ကာပို သေနတ်ဒဏ်ရာဖြင့်သေဆုံး  ရက်ပ်အဆိုတော် ကာပို သေနတ်ဒဏ်ရာဖြင့်သေဆုံး Reviewed by သစ်ထူးလွင် on 09:08 Rating: 5
Powered by Blogger.