ရေကြောင်းလမ်းမှားယွင်း မောင်းနှင်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း ဘုရားရင်ပြင်ကို ၀င်တိုက်မိ


ကော့သောင်း ဇူလိုင် ၁၇

ကော့သောင်းမြို့ ဘုရင့်နောင်ရပ်ကွက် ကမ်းနားလမ်း ဘုရင့်နောင်အငူ (ဝိတိုရိယအငူ)အနီးတွင် တည်ထား ကိုးကွယ်သည့် နဂါးရုံစေတီတော်ရင်ပြင်တော် ပရိဝုဏ်အတွင်းသို့ ဇူလိုင် ၁၇ ရက် နံနက်ပိုင်းက ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော (သံခွံ) တစ်စင်း ရေလမ်းကြောင်းမှားယွင်းမောင်းနှင်မှုကြောင့် ဝင်ရောက်တိုက်မိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ အဆိုပါနေ့ နံနက်ပိုင်းက ရန်ကုန်မှ ကော့သောင်းအထိ ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲကုန်တင်သည့်MV ရွှေသုန္ဒရီ-၃ အမည်ရှိ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောမှ ကော့သောင်းမြို့သို့ ဝင်ရောက်စဉ် ရေလမ်းကြောင်း မှားယွင်းမောင်းနှင်မှုကြောင့် ဘုရင့်နောင်အငူ(ဝိတိုရိယအငူ)အနီး ပင်လယ်ကမ်းစပ်တွင် တည်ထားကိုးကွယ်သည့် နဂါးရုံစေတီတော်ရင်ပြင်တော် ကွန်ကရစ်လက်ရန်းဝရန်တာအား သင်္ဘောဝင်ရောက်တိုက်မိခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ စေတီတော်ရင်ပြင်ဝရန်တာကွန်ကရစ်တန်းများ ထိခိုက်ပျက်စီးခဲ့ရပြီး စေတီတော် ရင်ပြင်တော်ပေါ်ရှိ ဘုရားဖူးသူများ မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရခြင်းမရှိဘဲ သင်္ဘောတာဝန်ခံ ဖြစ်သူက တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများက လိုအပ်သည်များ စစ်ဆေး မေးမြန်းအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ရေကြောင်းလမ်းမှားယွင်း မောင်းနှင်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း ဘုရားရင်ပြင်ကို ၀င်တိုက်မိ  ရေကြောင်းလမ်းမှားယွင်း မောင်းနှင်မှုကြောင့် ကုန်တင်သင်္ဘောတစ်စင်း ဘုရားရင်ပြင်ကို ၀င်တိုက်မိ Reviewed by THITHTOOLWIN on 04:25 Rating: 5
Powered by Blogger.