ဒူဘိုင်းကနေ ရောက်လာတဲ့လူမှာ မားစ်ရောဂါရှိလို့ ဖိလစ်ပိုင်ဆို

မားစ်ရောဂါကို ဖိလစ်ပိုင် လေဆိပ် အမှုထမ်းတွေ စမ်းသပ် စစ်ဆေးစဉ် (Credit: Reuters) 
ဆော်ဒီအာရေးဗီးယား ​နိုင်ငံမှာ ​နေထိုင်ခဲ့ပြီး ​ဒူဘိုင်းမြို့ကနေ ​ဖိလစ်ပိုင်နိုင်ငံထဲ ​ရောက်လာတဲ့ ​လူတစ်ယောက်မှာ ​မားစ်ရောဂါ ​ရှိကြောင်းကို ​ဖိလစ်ပိုင် ​အာဏာပိုင်တွေက ​တွေ့ရှိခဲ့ပါတယ်။

ဒါဟာ ​ဖိလစ်ပိုင်နိုင်ငံအတွက် ​ဒုတိယမြောက် ​မားစ်ရောဂါ ​ဝေဒနာသည် ​ဖြစ်ပါတယ်။

ဒူဘိုင်းကနေ ​ရောက်လာတဲ့ ​အသက် ​၃၆ ​နှစ်အရွယ် ​နိုင်ငံခြားသား ​တစ်ယောက်မှာ ​မားစ်ရောဂါ ​ရှိကြောင်းကို ​တွေ့ခဲ့ရတာ ​ဖြစ်ပြီး ​အခုဆိုရင် ​အဲဒီလူကို ​ဆေးရုံတင်ပြီး ​အနီးကပ် ​စောင့်ကြည့်နေကြပါတယ်။

အဲဒီလူက ​ဘယ်သူတွေနဲ့ ​တွေ့ဆုံခဲ့သလဲ ​ဆိုတာကို ​စုံစမ်းနေပြီး ​ကူးစက်မှုတွေ ​ထပ်မဖြစ်အောင် ​လုပ်ဆောင်သွားမယ်လို့ ​ဆိုပါတယ်။

အဲဒီလူရဲ့ ​အခြေအနေက ​တိုးတက် ​ကောင်းမွန်လာသလို ​တခြားလူတွေကို ​ကူးစက်တဲ့ ​လက္ခာဏာမျိုး ​မတွေ့ရဘူးလို့လည်း ​ဖိလစ်ပိုင်နိုင်ငံ ​ကျန်းမာရေး ​အာဏာပိုင်တွေက ​ပြောပါတယ်။

အရင်လတုန်းကလည်း ​ထိုင်းနိုင်ငံက ​စီးပွားရေးသမား ​တစ်ယောက်ဟာ ​မားစ်ရောဂါ ​ခံစားနေရကြောင်း ​တရားဝင် ​ပြောဆိုလာပါတယ်။

ဖိလစ်ပိုင်နိုင်ငံအပါအဝင် ​အခုဆိုရင် ​မားစ်ရောဂါ ​ကူးစက်ခံရတဲ့ ​အာရှနိုင်ငံ ​ငါးနိုင်ငံ ​ရှိသွားပြီ ​ဖြစ်ပါတယ်။

မားစ်ရောဂါဟာ ​အရှေ့အလယ်ပိုင်းဒေသမှာ ​စတင်တဲ့ ​ရောဂါဖြစ်ပြီး ​ကုလားအုပ်ကနေ ​လူကို ​ကူးစက်တဲ့ ​ရောဂါ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
ဒူဘိုင်းကနေ ရောက်လာတဲ့လူမှာ မားစ်ရောဂါရှိလို့ ဖိလစ်ပိုင်ဆို  ဒူဘိုင်းကနေ ရောက်လာတဲ့လူမှာ မားစ်ရောဂါရှိလို့ ဖိလစ်ပိုင်ဆို Reviewed by သစ်ထူးလွင် on 17:25 Rating: 5
Powered by Blogger.