လိပ်ကျွန်း အမှု ဒီကနေ့ စတင်ကြားနာမယ်

ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ဖမ်းဆီးခံရစဉ် (Credit: Reuters)
ထိုင်းနိုင်ငံ ​လိပ်ကျွန်း ​လူသတ်မှုနဲ့ ​ပတ်သက်ပြီး ​ဒီကနေ့ ​တရားရုံးမှာ ​အမှုကြားနာဖို့ ​ရှိပါတယ်။

မြန်မာနိုင်ငံသား ​ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့က ​ဗြိတိန်နိုင်ငံသား ​David ​Miller ​နဲ့ ​Hannah ​Witheridge ​ကို ​သတ်ပစ်တယ်လို့ ​စွပ်စွဲခံနေရပါတယ်။

လူသတ်မှုက ​အရင်နှစ် ​စက်တင်ဘာလတုန်းက ​ဖြစ်ပွားခဲ့တာပါ။

ဒီကနေ့မှာ ​စတင်တဲ့ ​လိပ်ကျွန်းလူသတ်မှု ​ကြားနာပွဲကို ​ကွယ်လွန်သူ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးရဲ့ ​ကျန်ရစ်သူ ​မိသားစုဝင် ​တချို့ ​တက်ရောက်နားထောင်ဖို့ ​ရှိပါတယ်။

ထိုင်းရဲတွေကတော့ ​မြန်မာ ​နှစ်ဦးက ​လူသတ်မှု ​ကျူးလွန်တယ်လို့ ​ပြောဆိုပြီး ​DNA ​အထောက်အထား ​ရှိတယ်လို့ ​ပြောပါတယ်။

မြန်မာနှစ်ဦးကတော့ ​လူမသတ်ရဘူးလို့ ​ပြောဆိုထားပြီး ​ထိုင်းရဲက ​ဖိအားပေးပြီး ​အတင်းဝန်ခံခိုင်းလို့ ​ဝန်ခံခဲ့ရတာလို့ ​ဆိုပါတယ်။

ဒီအမှု ​ကြားနာမှုက ​စက်တင်ဘာလအထိ ​ကြာမှာဖြစ်ပြီး ​တရားရုံးက ​အောက်တိုဘာလမှာ ​စီရင်ချက် ​ချမှာ ​ဖြစ်ပါတယ်။

ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းဘက်က ​လိုက်ပေးတဲ့ ​ရှေ့နေတွေကတော့ ​ထိုင်းတရားရုံးက ​သူတို့ကို ​DNA ​ကို ​သီးသန့်လွတ်လပ်စွာ ​စစ်ဆေးခွင့် ​ပေးခဲ့ပေမယ့် ​စစ်ဆေးခွင့် ​မရသေးဘူးလို့ ​ပြောပါတယ်။

ဒီကိစ္စနဲ့ ​ပတ်သက်ပြီး ​တရားခံဘက်က ​ပွင့်လင်းမြင်သာစွာ ​မသိရတဲ့အပေါ် ​စိုးရိမ်မိတယ်လို့လည်း ​မြန်မာတွေကို ​ကိုယ်စားပြုတဲ့ ​Andy ​Hall ​က ​ပြောပါတယ်။

သေဆုံးသူ ​ဗြိတိန်နိုင်ငံသား ​မိသားစုတွေကတော့ ​ထိုင်းရဲတွေရဲ့ ​ပြောဆိုချက်နဲ့ ​ဗြိတိန်နိုင်ငံက ​စစ်ဆေးရေးသမားတွေရဲ့ ​ပြောပြချက်အရ ​မြန်မာ ​နှစ်ဦးမှာ ​အပြစ်ရှိတယ်လို့ ​ယူဆကြောင်း ​အရင်နှစ်က ​ပြောဆိုခဲ့ဖူးပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
လိပ်ကျွန်း အမှု ဒီကနေ့ စတင်ကြားနာမယ်  လိပ်ကျွန်း အမှု ဒီကနေ့ စတင်ကြားနာမယ် Reviewed by သစ်ထူးလွင် on 16:01 Rating: 5
Powered by Blogger.