လျှပ်စစ်ဘုတ်ခုံအပူလွန်ကဲရာမှ ပြည်ကြီးတံခွန်တွင် မီးလောင်မှုဖြစ်ပွား


မန္တလေး ဇူလိုင် ၆

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အရာတော်ရပ်ကွက် စက်မှုပန်းခြံလမ်း ရှိ ဦးဖြိုးပြည့်စိုး (၂၈) နှစ်၏ ဆိုင်တန်းတွင် ဇူလိုင် ၆ရက် နံနက်၎နာရီခွဲခန့်က လျှပ်စစ်ဘုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ တိုင်းဒေသကြီး ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်အစီး၎ဝ၊ အုပ်ချုပ်မှု ယာဉ်နှစ်စီး၊ လောကပါလ ရေသယ်ယာဉ်နှစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက်၅နာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် အလျားပေ၁၅ဝ၊ အနံပေ၂ဝ နံကပ်သွပ်မိုးဆိုင်ခန်းအတွင်းရှိ ဆိုင်ကယ်တာယာများ၊ ကာဗာများ၊ ဆိုင်ခန်းတန်းလျားရှိ ပြောင်းဆန်များ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဦးဖြိုးပြည့်စိုးအား ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မောင်ပြည်သူ(မန္တလေး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
လျှပ်စစ်ဘုတ်ခုံအပူလွန်ကဲရာမှ ပြည်ကြီးတံခွန်တွင် မီးလောင်မှုဖြစ်ပွား  လျှပ်စစ်ဘုတ်ခုံအပူလွန်ကဲရာမှ ပြည်ကြီးတံခွန်တွင် မီးလောင်မှုဖြစ်ပွား Reviewed by သစ်ထူးလွင် on 09:25 Rating: 5
Powered by Blogger.