သာကေတရှုခင်းသာလမ်းပေါ်၌ ယာဉ်သုံးစီးတိုက်၊ ယာဉ်နောက်လိုက် နေရာတွင် သေဆုံး

ရန်ကုန် ဇူလိုင် ၆

ဇူလိုင် ၆ ရက် နံနက် ၈ နာရီခွဲခန့်က သာကေတမြို့နယ်အတွင်း ရှုခင်းသာ လမ်းမအတိုင်း အနောက်မှ အရှေ့သို့ ယာဉ်မောင်း စုံစမ်းဆဲ မောင်းနှင်လာသည့် 4G/----- ဟွန်ဒိုင်းအမျိုးအစား ၁၈၉ ခရီးသည်တင်ယာဉ်သည် MOGE (မြန်မာ့ ရေနံဝင်ရုံး)ဝင်ပေါက်ရှေ့အရောက်တွင် တစ်ဖက်ယာဉ်ကြောသို့ အရှိန်လွန်ရောက် ရှိသွားခဲ့ပြီး ၎င်းယာဉ်ကြောမှ ယာဉ်မောင်းဇင်မျိုးဦး(ခ) ဖိုးပြည့်မောင်းနှင်လာသော 4E/------ မစ်ဆူဘီရှီ အမျိုးအစား ထရပ် ယာဉ်အား ဝင်တိုက်မိပြီး ယာဉ်မောင်း ဇော်လွင်ထွန်း မောင်းနှင်လာသည့် 9E/-----ဟွန်ဒိုင်း အမျိုးအစား ခရီးသည်တင်ယာဉ်အား ထပ်ဆင့်တိုက်မိမှုများ ဖြစ်ပွားခဲ့သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်သုံးစီးစလုံး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ပြီး 4G/---- ၏ ယာဉ်နောက်လိုက် ချစ်စမ်းဝင်း(ခ) သားလေးမှာ ဒဏ်ရာပြင်းထန် သဖြင့် ယင်းနေရာတွင် သေဆုံးသွားခဲ့သည်။

ထို့အပြင် 4E/ ------ယာဉ်မောင်း ဇင်မျိုးဦးမှာ ရရှိဒဏ်ရာပြင်းထန်သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ (အတွင်းလူနာ)အဖြစ် ဆေးကုသခံယူနေရကြောင်း သိရ ပြီး 4G/------ယာဉ်မောင်းမှာ ညအချိန်အထိ ထွက်ပြေးတိမ်းရှောင်နေသဖြင့် အမြန်ဆုံး ဖမ်းမိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းလျက်ရှိနေသည်။

၎င်းယာဉ်မောင်းအား သာကေတနယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း ယာဉ်ထိန်းတပ်ဖွဲ့မှ သိရသည်။

ကိုကြီးတင်
ဓါတ်ပုံ (facebook)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


သာကေတရှုခင်းသာလမ်းပေါ်၌ ယာဉ်သုံးစီးတိုက်၊ ယာဉ်နောက်လိုက် နေရာတွင် သေဆုံး  သာကေတရှုခင်းသာလမ်းပေါ်၌ ယာဉ်သုံးစီးတိုက်၊ ယာဉ်နောက်လိုက် နေရာတွင် သေဆုံး Reviewed by သစ်ထူးလွင် on 05:00 Rating: 5
Powered by Blogger.