မြန်မာ၂ဦးရှေ့နေက ထိုင်းရဲကို ဝေဖန်

မှုခင်းနေရာကို ထိုင်းရဲတွေ ကန့်သတ် တားဆီးမှုတွေ မလုပ်ဘူးလို့ မြန်မာ ၂ ဦးကို ကိုယ်စားပြုတဲ့ ရှေ့နေတွေက ထိုင်းရဲကို ဝေဖန် (Credit: AFP)
 ထိုင်းနိုင်ငံ ​လိပ်ကျွန်းလူသတ်မှုနဲ့ ​ပတ်သက်ပြီး ​မြန်မာ ​နှစ်ဦးဘက်ကနေ ​ရှေ့နေလိုက်ပေးသူတွေကတော့ ​ထိုင်းရဲတွေရဲ့ ​အမှုကိုင်တွယ်ပုံကို ​ဝေဖန်လိုက်ပါတယ်။

မနေ့တုန်းက ​စတင်တဲ့ ​တရားရုံး ​ကြားနာမှုအတွက် ​တရားခံဘက်က ​ရှေ့နေတွေက ​ထိုင်းရဲတွေကို ​ဝေဖန်လိုက်တာ ​ဖြစ်ပြီး ​မှုခင်းဖြစ်တဲ့နေရာကို ​ရဲတွေက ​ဝင်ထွက်မှု ​မကန့်သတ်ခဲ့တာတွေနဲ့ ​ဆေးဖက်ဆိုင်ရာ ​ကျွမ်းကျင်သူကို ​လျင်မြန်စွာ ​မခေါ်ယူခဲ့တဲ့အပေါ် ​ဝေဖန်လိုက်တာပါ။

ဇော်လင်းနဲ့ ​ဝင်းဇော်ထွန်းတို့ဟာ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​သတ်ပစ်မှုနဲ့ ​တရားစွဲခံနေရပါတယ်။

ထိုင်းရဲကတော့ ​သေဆုံးနေတဲ့ ​David ​Miller ​ရဲ့ ​အလောင်းက ​မှောက်လျက်နဲ့ ​ရေတိမ်နားမှာ ​တွေ့ခဲ့တဲ့အတွက် ​အလောင်းက ​ပင်လယ်ထဲ ​မမျောအောင် ​ကုန်းဘက်ကို ​ဆွဲထုတ်လာခဲ့တာ ​ဖြစ်တယ်လို့ ​ပြောပါတယ်။

ဗြိတိန်နိုင်ငံသား ​နှစ်ဦးဟာ ​ရက်စက်စွာ ​သတ်ဖြတ်ခံရတဲ့အတွက် ​ထိုင်းရဲကလည်း ​စုံစမ်း ​အရေးယူဖို့ ​ဖိအားပေးခံခဲ့ရပါတယ်။

ဖိအားပေးခံရမှုတွေ ​လျော့နည်းအောင် ​မြန်မာနှစ်ဦးကို ​ဓားစာခံလုပ် ​ဖမ်းဆီးခဲ့တာလို့ ​တရားခံဘက်က ​ပြောပါတယ်။

ဒါ့အပြင် ​မှုခင်းဖြစ်နေတဲ့ ​နေရာကို ​ကြိုးတွေနဲ့ ​မတားခဲ့တာတွေ၊ ​ဆေးဖက်ဆိုင်ရာ ​ကျွမ်းကျင်သူတွေကို ​နောက်ကျမှ ​ခေါ်ယူခဲ့တဲ့ ​ထိုင်းရဲတွေရဲ့ ​လုပ်ရပ်ကိုလည်း ​ဝေဖန်လိုက်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese
မြန်မာ၂ဦးရှေ့နေက ထိုင်းရဲကို ဝေဖန်  မြန်မာ၂ဦးရှေ့နေက ထိုင်းရဲကို ဝေဖန် Reviewed by သစ်ထူးလွင် on 15:51 Rating: 5
Powered by Blogger.