တိုကျိုတွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျ၍ ၃ ဦးသေဆုံး


 ဂျပန်နိုင်ငံ တိုကျိုမြို့ CHOFU ဆင်ခြေဖုံးအရပ်တွင် ယနေ့မနက် ဒေသစံတော်ချိန် ၁၁ နာရီခန့်က လေယာဉ်ပျံငယ်တစီး ပျက်ကျမှုဖြစ်ပွားခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကြောင့် လေယာဉ်ပေါ်ပါ အမျိုးသား ၂ ဦးနှင့် နေအိမ်တွင်းမှ အမျိုးသမီး ၁ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရှိခဲ့သည်။

 ယင်းအပြင် လူနေအိမ် ၅ လုံးနှင့် မော်တော်ယာဉ် ၁ စီးလည်း မီးလောင်ကျွမ်းခဲ့သည်။

 လေယာဉ်ပျက်ကျရာနေရာသည ပြေးလမ်းမီတာအရှည် ၈၀၀ ရှိ လေယာဉ်ငယ်များ ဆင်းသက်ရာ Chofu လေဆိပ်အနီး အရှေ့တောင်အရပ်တွင်ဖြစ်သည်။ ပျက်ကျခဲ့သောလေယာဉ်သည် လူ ၅ ဦးစီးလေယာဉ်ငယ်ဖြစ်ကြောင်း သိရသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

တိုကျိုတွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျ၍ ၃ ဦးသေဆုံး   တိုကျိုတွင် လူနေအိမ်ပေါ် လေယာဉ်ပျက်ကျ၍ ၃ ဦးသေဆုံး Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.