ပထမတန်းကျောင်းသူတစ်ဦးအား ဒဏ်ရာများစွာရခဲ့သည်အထိ ရိုက်နက်ခဲ့မူအား သက်ဆိုင်ရာသို့ တိုင်ကြားထား


 မြစ်ကြီးနား

 ဆင်ဘိုမြို့နယ် မြင်သာကျေးရွာမှ မူပြဆရာမဖြစ်သူ ဒေါ်အင်ခွမ်းရွယ်အောင်က ပထမတန်းကျောင်းသူ မနှင်းနှင်းအိအား ဒဏ်ရာများစွာ ရခဲ့သည်အထိ ရိုက်နက်ခဲ့မူနှင့်ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့က သက်ဆိုင်ရာသို့ တိုင်ကြားထားကြောင်း ကိုယ်တိုင်တိုင်ကြားထားသူ မြင်သာကျေးရွာမှ ဦးကျော်ဝင်းကပြောကြားသည်။

“ ကျွန်တော် ၃၀.၆.၂၀၁၅ နေ့ ညနေ ခြောက်နာရီလောက်မှာ မြင်သာကျေးရွာမူလတန်းကျောင်းအုပ်ကြီးဆီးကိုသွားလည်တော့ ကလေးမလေးအမေ ဒေါ်ခင်မွှေးက ငိုပြီးကလေးလက်ကိုဆွဲလာတယ်။ ကျောင်းအုပ်ကြီးရှိသလားလို့မေးတာနဲ့ ဆရာကြီးအမျိုးသမီးဒေါ်ဌေးဌေးက ဆရာကြီးမြစ်ကြီးနားမှာ သင်တန်းသွားတက်တယ်။ ဘာဖြစ်လို့လဲမေးတော့ မြင်သာမူလတန်းကျောင်းဆရာမ ဒေါ်အင်ခွမ်းရွယ်အောင်က ကလေးစာမရလို့ဆိုပြီး ရိုက်တာ ကျောမှာ ဒဏ်ရာတွေအများကြီးရတဲ့အကြောင်းပြောတယ်။ အဲ့ဒါနဲ့ ကလေးအင်္ကျီကို လှန်ကြည့်တော့ ပုံမှာ မြင်တဲ့အတိုင်းပဲ။ “ ဟု ဦးကျော်ဝင်းကပြောကြားသည်။

အသက်ခြောက်နှစ်အရွယ် မနှင်းနှင်းအိသည် ဦးလှအေး နှင့် ဒေါ်ခင်မွှေးတို့၏ သမီးဖြစ်ပြီး ဖခင်ဖြစ်သူ မှာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်းလည်းသိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေါ်ခင်မွှေးအား ကျေးရွာ အုပ်ချုပ်ရေးမှူးထံသွားသင့်ကြောင်းပြောကြားနေစဉ် ဆရာမ ဒေါ်အင်ခွမ်းရွယ်အောင်ရောက်ရှိလာပြီး ဦးကျော်ဝင်းအား ရင့်သီးစွာ ပြောကြားဆက်ဆံခဲ့ကြောင်းလည်း ဦးကျော်ဝင်းကပြောကြားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးကျော်ဝင်းကိုယ်တိုင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ ဆင်ဘိုမြို့ သို့လည်းကောင်း ဆင်ဘိုမြို့အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီးထံသို့လည်းကောင်း တိုင်ကြားထားကြောင်းလည်း တိုင်ကြားစာအရသိရသည်။

ဆေနမ့်ကျို
ဓာတ်ပုံ - မနှင်းနှင်းအိ၏ ကျောပြင်မှ ဒဏ်ရာများအားတွေ့ရစဉ်
The Voice of Shan-Ni
https://www.facebook.com/pages/The-Voice-of-Shan-Ni

ပထမတန်းကျောင်းသူတစ်ဦးအား ဒဏ်ရာများစွာရခဲ့သည်အထိ ရိုက်နက်ခဲ့မူအား သက်ဆိုင်ရာသို့ တိုင်ကြားထား  ပထမတန်းကျောင်းသူတစ်ဦးအား ဒဏ်ရာများစွာရခဲ့သည်အထိ ရိုက်နက်ခဲ့မူအား သက်ဆိုင်ရာသို့ တိုင်ကြားထား Reviewed by THITHTOOLWIN on 18:13 Rating: 5
Powered by Blogger.