ဆော်ဒီဦးဆောင်၍ ယီမင်၌ လေကြောင်းတိုက်ခိုက်


ဆာနား ဇူလိုင် ၎

 ဇူလိုင် ၃ ရက်က ယီမင်တွင် ဆော်ဒီဦးဆောင်လေကြောင်း တိုက်ခိုက်မှုများကြောင့် လူ ၁၆ ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ၏ နယ်ပယ်အတော်များများကို လွှမ်းမိုးထားသော ဟူသီတပ်ဖွဲ့များက ပြောခဲ့သည်။ ဥရောပသမဂ္ဂနှင့် အမေရိ ကန်ပြည်ထောင်စုတို့သည် ဘေးဒုက္ခရောက်သော ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန် စစ်ပွဲကို ခေတ္တခဏရပ်စဲပေးရန် တောင်းဆိုခဲ့သည်။

ဖြုတ်ချခံသမ္မတ မန်ဆောဟာဒီကို အာဏာပြန်လည်ရရှိရန် လှုံ့ဆော်မှုများစတင်သည့် မတ်လကတည်းက အာရပ် မဟာမိတ်တပ်ဖွဲ့များသည် အီရန်မဟာမိတ် ဟူသီတပ်ဖွဲ့များနှင့် အခြားမဟာမိတ်အဖွဲ့များကို လက်နက်ကြီးများဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။

မြို့တော်ဆာနားခရိုင်ရှိ အယ်လ်ဂျာရတ်ဒေသကို အရုဏ်ဦးလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အမျိုးသမီးတစ်ဦး နှင့် ကလေးတစ်ဦးအပါအဝင် လူခြောက်ဦး သေဆုံးပြီး ခြောက်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဟူသီသတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

ဟူသီလက်အောက်ခံ ဆာနားသတင်းအေဂျင်စီက ဆော်ဒီဦးဆောင်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။ နောက်ထပ် ဟူသီရှစ်ဦးလည်း ပင်လယ်နီဆိပ်ကမ်းမြို့တော်ရှိ ပြည်သူ့စာကြည့်တိုက် ပေါက်ကွဲမှုကြောင့် အသက်သေဆုံးခဲ့ရသည်။

အရုဏ်ဦးတိုက်ခိုက်မှုတွင် လေယာဉ်များက သတင်းအချက်အလက်ဝန်ကြီးဌာနကို တိုက်ခိုက်ခဲ့ရာမှ အနီးဝန်းကျင်ရှိ အဆောက်အအုံများ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသတွင်း ဆာနားသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။

(ရိုက်တာ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ဆော်ဒီဦးဆောင်၍ ယီမင်၌ လေကြောင်းတိုက်ခိုက်  ဆော်ဒီဦးဆောင်၍ ယီမင်၌ လေကြောင်းတိုက်ခိုက် Reviewed by သစ်ထူးလွင် on 06:00 Rating: 5
Powered by Blogger.