နေပြည်တော်တွင် တကိုယ်တော်ဆန္ဒထုတ်ဖော်သူ ထိန်းသိမ်းခံရ


 ၂၀-၇-၂၀၁၅ ရက်နေ့ နံနက် ၈း၅၀ နာရီခန့်မှ ၈း၅၅ နာရီအချိန်ခန့်ထိ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့ ကန်တော်မင်္ဂလာအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုရှေ့တွင် ပျဉ်းမနားမြို့နေ ကိုဖြိုးဝေကျော်သည် ''ဒက္ခိဏသီရိခရိုင် တရားရုံး တရားမမှု (၅/၂၀၁၃) တွင် လာဘ်ငွေတောင်းခံမှုများနှင့် အဂတိလိုက်စားမှုများကို သမ္မတကြီး၊ လွှတ်တော် နာယကကြီး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်သူများသိရှိနိုင်ရန် တင်ပြခြင်း''စာသားပါ အနက်ရောင် ဗီနိုင်းပိုစတာဆိုင်းဘုတ်ကိုင်ပြီး တကိုယ်တော် ဆန္ဒပြမှုကို လျှပ်တပြက် ပြုလုပ်ခဲ့သည်။ ထိုသို့ ဆန္ဒပြနေစဉ် လုံခြုံရေးအဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆန္ဒပြမှုအပြီး ခေါ်ယူထိန်းသိမ်းခြင်းခံလိုက်ကြောင်း သတင်းရရှိပါသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal


နေပြည်တော်တွင် တကိုယ်တော်ဆန္ဒထုတ်ဖော်သူ ထိန်းသိမ်းခံရ  နေပြည်တော်တွင် တကိုယ်တော်ဆန္ဒထုတ်ဖော်သူ ထိန်းသိမ်းခံရ Reviewed by THITHTOOLWIN on 15:54 Rating: 5
Powered by Blogger.