ကင်ဂျုံအန်း လေဆိပ်သစ်ပုံစံမကြိုက်သဖြင့် ဒီဇိုင်းရေးဆွဲသူကို ကွပ်မျက်လိုက်ကြောင်း သတင်းများထွက်ပေ


 မြောက်ကိုရီးယားတွင် အသစ်ဖွင့်လှစ်လိုက်သော လေဆိပ်အဆောင်သစ်၏ပုံစံကို မကြိုက်သဖြင့် အဓိက ဒီဇိုင်းရေးဆွဲသူအင်ဂျင်နီယာကို ခေါင်းဆောင် ကင်ဂျုံအန်းက ကွက်မျက်လိုက်သည်ဆိုသောသတင်းများ ထွက်ပေါ်နေသည်။

ယခင်သီတင်းပတ်က သစ်လွင်တောက်ပသော လေဆိပ်အဆောက်အအုံနှင့် ခေါင်းဆောင် ကင်ဂျုံအန်း၏ဓါတ်ပုံများ ထွက်ပေါ်လာခဲ့ပြီးနောက် ယခုကဲ့သို့ ချောက်ချားဖွယ်ရာသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။


၂၀၁၂ က ကင်ဂျုံအန်း အာဏာရရှိပြီးနောက် နိုင်ငံခြားသားဧည့်သည်များကို မြောက်ကိုရီးယားနိုင်ငံသို့ ဆွဲဆောင်ရန်ကြိုးပမ်းမှုများရှိခဲ့ပြီး ယခုလေဆိပ်သစ်တွင် ကျောက်မျက်ရတနာဆိုင်များ၊ ကော်ဖီဆိုင်များ၊ ဆေးဝါးဆိုင်များအပြင် ဇိမ်ခံအဆောင်ခန်းမများလည်း ပါဝင်သည်။ ယင်းလေဆိပ်သစ်ကို ယခုသီတင်းပတ်အတွင်းဖွင့်လှစ်မည်ဖြစ်ပြီး တရုတ်နှင့် ရုရှားမှ လေယာဉ်များ အဓိက ၀င်ထွက်သွားလာကြမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားကာကွယ်ရးကော်မရှင်၊ ဒီဇိုင်းဌာနမှ ဒါရိုက်တာ မာဝမ်ချွန်းကို သတင်းဓါတ်ပုံများတွင် မမြင်တွေ့ရဘဲ ၎င်းသည် ယမန်နှစ်မှစ၍ ပျောက်ကွယ်နေသည်ဟု ဆိုသည်။

ချွန်သည် မြောက်ကိုရီးယား၏ နိုင်ငံတော်စီမံကိန်းကြီးများတွင် ဗိသုကာပိုင်း တာဝန်ယူပေးရသူဖြစ်ပြီး ကင်ဂျုံအန်းက ၎င်းမနှစ်မြို့သူအဆင့်မြင့်အရာရှိများကို တဦးပြီးတဦးကွပ်မျက်ခဲ့ရာ ချွန်သည်လည်း သုတ်သင်ဖယ်ရှားခြင်းခံခဲ့ရကြောင်း သတင်းများထွက်ပေါ်နေသည်။

မာဝမ်ချွန်သည် ၂၀၁၄ နိုဝင်ဘာလအတွင်းက ကွက်မျက်ခံခဲ့ရကြောင်း အာရှပစိဖိတ်အရေး အလေးပေးသော The Diplomat မဂ္ဂဇင်းက သတင်းဖော်ပြသည်။ ကင်ဂျုံအန်းက လေဆိပ်ဆောက်လုပ်မှုအခြေအနေကို မကြိုက်သောကြောင့် ရပ်ဆိုင်းခိုင်းခဲ့သည်ဆိုသောဖြစ်ရပ်နှင့် ချွန်သေဆုံးမှု တိုက်ဆိုင်လျက်ရှိသည်။

“အဆောင် ၂ ဆောက်လုပ်ရေး နောက်ဆုံးအဆင့်မှာ ချို့ယွင်းချက်တွေ တွေ့ရတယ်။ ဘာလို့လဲဆိုတော့ ဒီဇိုင်းအဖွဲ့က မြောက်ကိုရီးယားရဲ့ အသက်ဝိဥာဏ်ကို ပေါ်လွင်စေမယ့် ဗိသုကာအလှ ပါဝင်ရမယ်ဆိုတာကို သူတို့မေ့သွားလို့ပဲ။ ဒီလေဆိပ်ဟာ မြောက်ကိုရီးယားရဲ့ပြယုဂ်၊ မျက်နှာစာလည်းဖြစ်သလို ပြုံယမ်းမြို့ရဲ့ ၀င်ပေါက်ဂိတ်တံခါးလည်း ဖြစ်တယ်”ဟု ကင်ဂျုံအန်းက မြောက်ကိုရီးယားအစိုးရမီဒီယာမှတဆင့် မိန့်ခွန်းပြောကြားခဲ့သည်။

Ref ; The Independent
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ကင်ဂျုံအန်း လေဆိပ်သစ်ပုံစံမကြိုက်သဖြင့် ဒီဇိုင်းရေးဆွဲသူကို ကွပ်မျက်လိုက်ကြောင်း သတင်းများထွက်ပေ  ကင်ဂျုံအန်း လေဆိပ်သစ်ပုံစံမကြိုက်သဖြင့် ဒီဇိုင်းရေးဆွဲသူကို ကွပ်မျက်လိုက်ကြောင်း သတင်းများထွက်ပေ Reviewed by သစ်ထူးလွင် on 19:49 Rating: 5
Powered by Blogger.