အိန္ဒိယက လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီးကို ထောက်လှမ်းရေးက တရားစွဲ


အိန္ဒိယ နိုင်ငံ က နာမည်ကျော် လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီး တီစတာ ဆီတာလ်ဗတ် ကို အစိုးရ ရဲ့ ခွင့်ပြု ချက် မရပဲ နိုင်ငံခြား အထောက်အပံ့ ငွေ တွေ လက်ခံ ခဲ့ မှု နဲ့ အိန္ဒိယ ရဲ့ ဗဟို ထောက်လှမ်းရေး အဖွဲ့ CBI က တရား စွဲ လိုက် ပါတယ်။

အမေရိကန် အခြေစိုက် Ford Foundation ဆီ က ငွေ တွေ ကို Ms ဆီတာလ်ဗတ် ဦးဆောင်တဲ့ Sabrang ဆိုတဲ့ NGO အဖွဲ့ က လက်ခံ ရရှိခဲ့တာ ကို စာရင်းစ⁠စ် တွေ့ ရှိရတယ် လို့ CBI က ပြောပါတယ်။

Ms ဆီတာလ်ဗတ် ဟာ လက်ရှိ ဝန်ကြီး ချုပ် Narendra Modi ဂူဂျာရတ် ပြည်နယ် ဝန်ကြီးချုပ် ဘဝ ၂၀⁠၀၂ ခုနှစ် တုန်းက ပြည်နယ် တွင်း ဖြစ်ပေါ် ခဲ့တဲ့ မွတ်ဆလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း တွေ ကို တားဆီးရန် ပျက်ကွက် ခဲ့ မှု နဲ့ ဥပဒေ အရ အရေးယူ နိုင် ဖို့ ကြိုးစား နေသူ ဖြစ် ပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
အိန္ဒိယက လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီးကို ထောက်လှမ်းရေးက တရားစွဲ  အိန္ဒိယက လူအခွင့် အရေး လှုပ်ရှားသူ အမျိုးသမီးကို ထောက်လှမ်းရေးက တရားစွဲ Reviewed by သစ်ထူးလွင် on 08:40 Rating: 5
Powered by Blogger.