(၄၆)လမ်းမှာ အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းမိ

အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ပြည်သူများနှင့် ရဲတပ်ဖွဲ့ ၀င်များမှ ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၃

၁.၇.၂၀၁၅ ရက်နေ့ ၂၃၅၀ အချိန်တွင် မရမ်းကုန်းမြို့နယ်နေ အငှား ယာဉ်မောင်းဖြစ်သူ ဦးဟေမာန်ကျော်၏ ယာဉ်အား မရမ်းကုန်းမြို့နယ်မှ ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ (၄၆)လမ်းသို့ အမျိုးသား(၄)ဦးမှ ငှားရမ်းသဖြင့် ပို့ဆောင်ပေးရာ (၄၆)လမ်းသို့အရောက် ၎င်းအမျိုးသားများ အနက် (၂)ဦးမှ ဦးဟေမာန်ကျော်၏ လည်ပင်းနှင့်ဗိုက်တို့အားဓါးဖြင့်ထောက်၍ မအော်ရန်နှင့် ပါရှိပစ္စည်းများ ပေးရန်ပြောဆိုကာ ဗိုက်အားဓါးဖြင့် ထောက်ထားသူ အမျိုးသားက ယာဉ်အတွင်းမှ ဆင်းပြီးနောက် ယာဉ်မောင်းနေရာ အနီးသို့လာ၍ ဦးဟေမာန်ကျော်၏လည်ပင်းအား ဓါးဖြင့်ထောက်ပြီး ယာဉ်၏ သော့အား ဖြုတ်ယူခိုက်တွင် ဦးဟေမာန်ကျော်မှ ယာဉ်တံခါးအား ဆောင့်ဖွင့်လိုက်သဖြင့် အဆိုပါ အမျိုးသားမှာဟန်ချက် ပျက်သွားစဉ် ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းခဲ့သောကြောင့် ၎င်းတို့(၄)ဦးမှာ ထွက်ပြေးသွားခဲ့ကြပါသည်။

ယင်းသို့အကူအညီတောင်ခံခဲ့သဖြင့် ပတ်ဝန်းကျင်ရှိပြည်သူများနှင့် သတင်းရရှိသည့် ကျောက်တံတား မြို့မရဲစခန်း၊ ဗိုလ်တထောင်မြို့မရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးခဲ့ရာ ကြည့်မြင်တိုင်မြို့နယ်၊ အောက်ရုံ ရပ်ကွက်နေ ထိန်လင်း၊ (၁၆)နှစ်နှင့် စက်ကလေးရပ်ကွက်နေ အီးတီ(ခ) နေလင်းထက် (၂၀)နှစ်တို့(၂)ဦးကို ဓါးဦးချွန်(၂)ချောင်းနှင့်အတူ လမ်း (၄၀)အတွင်းမှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းတို့(၂)ဦးထံမှ ဓါးများသိမ်းဆည်းရမိသဖြင့် ကျောက်တံတားမြို့မရဲစခန်း (ပ)၁၇၁/၂၀၁၅၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်အရေးယူခဲ့သည်။

ဖမ်းဆီးရမိသည့် ၎င်းတို့(၂)ဦးအား စစ်ဆေးချက်အရ ပြစ်မှု ကျူးလွန်ရာတွင် ပါဝင်ပြီး ထွက်ပြေးလွတ်မြောက်သွားသူ(၂)ဦးမှာ ကြည့်မြင်တိုင်မြို့နယ်နေ မျိုးကျော်ဦး(၂၀)နှစ်နှင့် ဇင်ပိုင်ဦး (၁၉)နှစ် တို့ဖြစ်ကြောင်းသိရှိရပါသည်။

ယင်းသို့ကျူးလွန်ခံရသဖြင့် ဦးဟေမာန်ကျော်တွင် ၀ဲပေါင်နှင့် ယာနားအောက် နေရာတို့၌ ပြတ်ရှ ဒဏ်ရာနှင့် ပေါက်ပြဲဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံ ကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရပါသည်။

ယင်းသို့ကျူးလွန်ခဲ့ကြသူ ထိန်လင်းပါ(၄)ဦးအား ဗိုလ်တထောင်မြို့မရဲစခန်း (ပ)၁၁၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်အရေးယူကာ ထွက်ပြေး တိမ်းရှောင်နေသူ (၂)ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
(၄၆)လမ်းမှာ အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းမိ  (၄၆)လမ်းမှာ အငှားယာဉ်မောင်းအား လုယက်မှု ကျူးလွန်သူများကို ဖမ်းမိ Reviewed by သစ်ထူးလွင် on 16:09 Rating: 5
Powered by Blogger.