ယခင်တပ်မှူးဟောင်းသုံးဦးအား ALP မှ စစ်တွေမှ ဖမ်းဆီးခေါ်ဆောင်သွား


ရန်ကုန်၊ ဇူလိုင် ၃

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ( ALP) မှ အဖွဲ့တစ်ဖွဲ့သည် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ကို အကူအညီယူလျက် ယခင် တပ်မှူးဟောင်း သုံးဦးကို စစ်တွေမြို့ ကန်တော်ကြီး ဟိုတယ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေါ်ညိုအေးက အတည်ပြု ပြေကြားသည်။

ဖမ်းဆီးခံရသူ ယခင်တပ်မှူးဟောင်းသုံးဦးမှာ ခိုင်ထွန်းလင်း (တွဲဘက် အတွင်းရေးမှူးဟောင်း)၊ ခိုင်ဘုန်းမြတ်ဇော် ( ရမ္မာဝတီ တပ်ရပ်မှူးဟောင်း)၊ ခိုင်စိုးပိုင် ( ဘဏ္ဍာရေးမှူးဟောင်း) တို့ ဖြစ်ကြသည်။

သူတို့သုံးဦးသည် ALP မှ ဖမ်းဆီး ချုပ်နှောင်ထားသည်ကို ၇ လခန့် ခံစားခဲ့ကြပြီး ထွက်ပြေး လွတ်မြောက်လာပြီး စစ်တွေ ကန်တော်ကြီးဟိုတယ်တွင် တည်းခိုနေစဉ် ဖမ်းဆီးခံရခြင်း ဖြစ်သည်။

သူတို့အား အိန္ဒိယ နယ်စပ် ALP ဗဟိုဌာနချုပ်သို့ ခေါ်ယူသွားကြောင်း သိရသည်။

Narinjara
https://www.facebook.com/pages/Narinjara
ယခင်တပ်မှူးဟောင်းသုံးဦးအား ALP မှ စစ်တွေမှ ဖမ်းဆီးခေါ်ဆောင်သွား  ယခင်တပ်မှူးဟောင်းသုံးဦးအား ALP မှ စစ်တွေမှ ဖမ်းဆီးခေါ်ဆောင်သွား Reviewed by သစ်ထူးလွင် on 03:01 Rating: 5
Powered by Blogger.