TNP ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးမှုမရှိကြောင်း RCSS/SSA အဖွဲ့ငြင်းဆို

ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/SSAမှ တပ်သားတချို့ကိုတွေ့ရစဉ် Photo: RFA

မိုင်းကိုင်မြို့နယ်မှာ TNP တအာင်းပလောင် အမျိုးသားပါတီ မြို့နယ်ဥက္ကဌနဲ့ အတွင်းရေးမှူးတို့ကို RCSS/SSA ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့က ဖမ်းဆီးသွားတယ်ဆိုတာ မဟုတ်မှန်ကြောင်း RCSS/SSA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဒီကနေ့ရက်စွဲနဲ့  စာရေးသားပေးပို့လိုက်ပါတယ်။

ပေးပို့တဲ့စာမှာ TNP မြို့နယ်ဥက္ကဌ ဦးအောင်ခမ်းနဲ့ အတွင်းရေးမှူး ဦးကျမ်းဆာတို့ကို ဇွန်လ ၂၀ရက်နေ့က RCSS/SSA တပ်ရင်း ၃၃၇ က ဖမ်းဆီးသွားတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီမှ ပေးပို့တဲ့စာအရ သိရှိရတယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး   စုံစမ်းကြည့်ရာမှာ အဲဒီစွတ်စွဲချက်ဟာ မှန်ကန်ခြင်းမရှိဘူးလို့  RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက ပြောပါတယ်။

"သတင်းထဲမှာ ဖော်ပြနေတဲ့ အချက်အလက်နဲ့ စစ်ကြည့်တော့ အဲ့တပ်ရင်းအမှတ်တွေလည်းမရှိပါဘူး၊ တပ်ရင်းမှူးနာမည်တွေလည်းရှိပါဘူး၊ တိကျခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ပြသပေးနိုင်မှ ကျနော်တို့က ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်"

ဒီကိစ္စနဲ့ပတ်သက်ပြီး မိမိတို့အဖွဲ့အနေနဲ့ ပတ်သက်ခြင်းမရှိတာကြောင့် အမှန်တရားပေါ်ပေါက်အောင် စိစစ်ပေးပါရန် တင်ပြကြောင်း ဒုတိယဗိုလ်ချုပ်ကြီးယွက်စစ်က ပေးပို့တဲ့စာထဲမှာ ရေးသားထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
TNP ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးမှုမရှိကြောင်း RCSS/SSA အဖွဲ့ငြင်းဆို TNP ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးမှုမရှိကြောင်း RCSS/SSA အဖွဲ့ငြင်းဆို Reviewed by သစ်ထူးလွင် on 07:03 Rating: 5
Powered by Blogger.