Sierra Leone နိုင်ငံမှာ အီဘိုလာ ရောဂါသည် အသစ် တွေ့ရှိ


Sierra Leone နိုင်ငံ Freetown မြို့တော်မှာ အီဘိုလာ ရောဂါ လူနာ ၂ ဦးကို ထပ်မံရှာဖွေ တွေ့ရှ်ိခဲ့တယ်လို့ ကျန်းမာရေး အာဏာပိုင်တွေက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဒီမြို့မှာ ရက်သတ္တပတ်ပေါင်း များစွာနဲ့ ချီပြီးတော့ ရောဂါရှင်အသစ်တွေ ထပ်ပြီး မတွေ့ရတော့တဲ့အတွက် ရောဂါ လုံးဝပျောက်သွားပြီလို့ ယူဆထားခဲ့ကြတာ ဖြစ်ပါတယ်။

Freetown မြို့မှာ အီဘိုလာ ရောဂါသည်တွေကို သီးသန့်ခွဲထားရှိတဲ့ စခန်းတွေကို လုံးဝ ပိတ်လိုက်ပြီ ဖြစ်တဲ့အတွက် ရောဂါကူးစက်မှာ အင်မတန် စိုးရိမ်ဖို့ကောင်းတယ်လို့ အီဘိုလာ နှိမ်နင်းရေး အရာရှိတွေက ပြောပါတယ်။

လူနေ ထူထပ်သိပ်သည်းတဲ့ ဆင်းရဲသား ရပ်ကွက်တွေမှာ ဒီရောဂါ ပြန့်ပွားလာမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

Sierra Leone နိုင်ငံရဲ့ မြောက်ပိုင်းမှာတော့ အီဘိုလာ ရောဂါ ကူးစက်ပြန့်ပွားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Sierra Leone နိုင်ငံမှာ အီဘိုလာ ရောဂါသည် အသစ် တွေ့ရှိ Sierra Leone နိုင်ငံမှာ အီဘိုလာ ရောဂါသည် အသစ် တွေ့ရှိ Reviewed by သစ်ထူးလွင် on 16:50 Rating: 5
Powered by Blogger.