ကိုးကန့် ၊ ရခိုင် နှင့် ပလောင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCCT မှ နှုတ်ထွက်


ဂျွန် ၅ ရက် ၂၀၁၅

အစိုးရ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော အဖွဲ့များဖြစ်ကြသည့် ကိုးကန့် MNDAA ၊ အေအေ ရက္ခိုင်အဖွဲ့နှင့် TNLA တအာင်းပလောင်အဖွဲ့ တို့မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းမှု အဖွဲ့ NCCT မှ နှုတ် ထွက်လိုက်ကြောင်း သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများ၏ ပြောဆိုချက်အရ သိရသည်။

ဂျွန် ၂ - ၆ ရက်နေ့အထိ ကေအန်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် ကျင်းပနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ညီလာခံသို့ တက်ရောက်နေသော အဆိုပါအဖွဲ့ သုံးဖွဲ့မှာ NCCT ၏ မူဝါဒ အချို့ကို နှစ်ြ ခိုက်ခြင်း မရှိမှုနှင့် အစိုးရ၏ ပြည်ထောင်စုငြိမ်း ချမ်းရေး ဖော်ေ ဆာင်မှု လုပ်ငန်းကော်မတီ UPWC အပေါ် အယုံအကြည် မရှိမှုများကြောင့် ယခုကဲ့သို့ နှုတ်ထွက်ရခြင်း ဖြစ်ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်ဖွဲ့ TNLA/PSLF မှ တာပန်လက ပြောသည်။

‘ အခုလောလောဆယ် အနေထားကို ပြန်ကြည့်ရင် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်မူကြမ်းကို အတည်ပြုပြီးတဲ့ အချိန်အထိ ကျနော်တို့ အဖွဲ့ ၃ ဖွဲ့နဲ့ တိုက်နေတယ် ။ တိုင်းရင်းသား အချင်းချင်း ညီညွတ်မှုကလည်း အား နည်းနေတယ်။ အစိုးရဘက်ကလည်း ကျနော်တို့ကို လက်မှတ်ရေးထိုး ဘက် အဖြစ် လက်မခံသေးဘူး။ အဲဒါကြောင့် ယာယီနှုတ်ထွက်တာပါ ‘ ဟု TNLA ပြောခွင့်ရ တာပန်လက ပြောသည်။

သို့သော် လော်ခီးလာညီလာခံ ဖြစ်မြောက်ရေးကော်မတီဝင်တဦးက -သူတို့က နှုတ်ထွက်တယ်လို့ တင်သွင်းတယ်။ ဒါပေမယ့် သူတို့ အတွက် သီးသန့်ေ ခါင်းစဉ် မဆွေးနွေးသေးတော့ နှုတ်ထွက်ခွင့် ပြုလိုက်ပါပြီ ဆိုတဲ့ဟာလဲ မဆုံးဖြတ်ရသေးဘူး ဆက်လက်ဆွေးနွေးရဦးမယ် - ဟုပြောသည်။

‘ ကျနော်တို့ နှုတ်ထွက်ရတဲ့ အရင်းအမြစ်တခုက စည်းလုံးညီညွတ်မှု အားနည်းနေ တာကြောင့် နှုတ်ထွက်တာပါ။ တဖွဲ့ခံနေရရင် တဖွဲ့ က ပြောမကူဘူး။ လုပ်မပေးဘူးဆိုတဲ့ ကိစ္စတွေကြောင့်ပါ။ တကယ်လို့သာ အားလုံး အတူတူ ညီညီညာညာနဲ့ ဆုံးဖြတ်ကြရင် ကောင်းတာပေါ့ဗျာ” ဟု အေအေ ရခိုင်အဖွဲ့မှ ဦးအေးထွန်း က ပြောသည်။

အဆိုပါအဖွဲ့ သုံးဖွဲ့ သည် NCCT အဖွဲ့ဝင်မှ နှုတ်မည်ဟုဆိုသော်ငြားလည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ ပြည်ထောင်စုတပ်မတော်တွင် ဆက်လက်ပါဝင်နေဦးမည်ဟုဆိုသည်။

သျှမ်းသံတော်ဆင့် (စိုင်းအောင်လွင်)
https://www.facebook.com/Panglong.burmese
ကိုးကန့် ၊ ရခိုင် နှင့် ပလောင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCCT မှ နှုတ်ထွက်  ကိုးကန့် ၊ ရခိုင် နှင့် ပလောင်လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ NCCT မှ နှုတ်ထွက် Reviewed by သစ်ထူးလွင် on 04:20 Rating: 5
Powered by Blogger.